နန်းဆုရတီစိုးကတော့ သရုပ်ဆောင်လောကမှာရော ဂီတလောကမှာပါ နာမည်ရအောင်မြင်လာခဲ့တဲ့ ပရိသတ်အချစ်တော်လေးတစ်ဦးပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့စကားပြောဟန်လေးတွေနဲ့ ပရိသတ်တွေကိုဖမ်းစားတတ်တဲ့ နန်းဆုရတီစိုးက အသံချိုချိုလေးနဲ့လည်း သီချင်းတွေသီဆိုတတ်တာ ဖြစ်ပါတယ်။ နန်းဆုကတော့ တစ်ချိန်က "မေမေဆူလိမ့်မယ်" သီချင်းလေးနဲ့ အရမ်းအောင်မြင်ခဲ့သလို အခုချိန်မှာလည်း သီချင်းအသစ်လေးတွေထွက်ရှိပြီး အောင်မြင်မှုရနေတာဖြစ်ပါတယ်။
လက်ရှိမှာတော့ နန်းဆုရတီစိုးတစ်ယောက် ဘဝကိုတစ်ယောက်တည်း ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းရင်း အနုပညာအလုပ်တွေကိုလုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ခရီးထွက်ရတာကို ကြိုက်နှစ်သက်တဲ့နန်းဆုက အခုလည်း သာယာလှပတဲ့ ချင်းတောင်တန်းကြီးဆီကို အလည်သွားရောက်ခဲ့ပါတယ်။ နန်းဆုရတီစိုးက ချင်းပြည်နယ်မှာရှိတဲ့ နာမည်ကျော် ဝိတိုရိယတောင်ပေါ်ကို အရောက်သွားပြီး စတိုင်အပြည့်နဲ့ အလှပဆုံးဓာတ်ဖမ်းခဲ့တာလည်း ဖြစ်ပါတယ်။
တောင်ပေါ်ရှုခင်းတွေနဲ့အပြိုင်လှနေတဲ့ နန်းဆုရတီစိုးကတော့ " ချင်းတောင်တန်းတွေက သိပ်လှတယ်လို့ ကိုယ်ပြောရင် မင်းယုံလိုက်ပါ #ဝိတိုရိယတောင် " ဆိုပြီး ပုံလေးတွေကိုမျှဝေထားပါတယ်။ မျက်မှန်တစ်လက်နဲ့ အထာကျကျလှနေတဲ့ နန်းဆုရဲ့ပုံရိပ်လေးတွေကတော့ တကယ့်ကိုအမိုက်စားဖြစ်လို့နေပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး နန်းဆုရတီစိုးရဲ့ ခရီးသွားအလှပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source:Nansu Yati Soe FB Page
Photo Credit- Zaw Myo Htet
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။