အဆိုတော်၊ သရုပ်ဆောင် ယုန်လေးကတော့ သီချင်းဆိုကောင်းသလို သရုပ်ဆောင်ပိုင်းမှာလည်း ထူးချွန်တဲ့အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ယုန်လေးက ကိုယ်တိုင်လည်းဒါရိုက်တာအဖြစ် ဇာတ်ကားတွေရိုက်ကူးသလို သီချင်းဗီဒီယိုတွေလည်း ပုံဖော်ရိုက်ကူးလေ့ရှိတာ ဖြစ်ပါတယ်။ ပျော်ပျော်နေတတ်ပြီး အများကိုလည်းကူညီတတ်တဲ့ ယုန်လေးကိုတော့ ပရိသတ်တွေတော်တော်များများက ချစ်ခင်အားပေးကြတာ ဖြစ်ပါတယ်။

Photo Credit-Yone Lay's FB Acc
Photo Credit-Yone Lay's FB Acc

ဒီနေ့မှာဆိုရင်လည်း ယုန်လေးက နောက်ထပ်ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားကြီးမှာ တစ်ချိန်က ကလေးသရုပ်ဆောင်အဖြစ် အရမ်းကိုအောင်မြင်ခဲ့တဲ့ ဟဲဗီးဖြိုးကိုပါထည့်ပြီး ရိုက်ကူးချင်ကြောင်း စာလေးနဲ့တကွ ရေးသားပြောပြထားပါတယ်။ လက်ရှိမှာတော့ ယုန်လေးအနေနဲ့ ဟဲဗီးဖြိုးကို ဆက်သွယ်ဖို့ကြိုးစားပေမယ့် မရသေးတာကြောင့် အဆက်သွယ်ရှိတဲ့ ညီအစ်ကို မောင်နှမများ ကူညီပေးကြပါဆိုပြီး အကူအညီတောင်းထားတာပဲ ဖြစ်ပါတယ်။

Photo Credit-Yone Lay's FB Acc
Photo Credit-ဟဲဗီးဖြိုး FB Acc
Photo Credit-ဟဲဗီးဖြိုး FB Acc

ယုန်လေးက "ညီလေး ဟဲဗီဖြိုး နဲ့ ဘယ်သူများ အဆက်သွယ်ရှိပါလဲ ခင်ဗျာ ရူတင် မန်နေဂျာတွေ မေးကြည့်တာ တစ်ယောက်မှ Ph မသိဘူးပြောကြလို့ပါ . ကလေး သရုပ်ဆောင်ဆိုရင်လူကြီး ဖြစ်သွားရင် ဘယ်သူ့မှ ရိုက်လေ့ရိုက်ထ မရှိကြတော့ဘူး အဲ့ဒါကြီးကို စိတ်မကောင်းဖြစ်မိတယ် .ဒီညီလေး သရုပ်ဆောင်တာ ကျွန်တော်ထက်အများကြီးကောင်းပါတယ် . ကျွန်တော်ကတော့ကြိုးစားဆဲပေါ့ . အဲ့အတွက်သူနဲ့လိုက်မယ့်နေရာကို စေတနာနဲ့ တည်ပြီး စဉ်းစားပေးထားလို့ပါ Dragon Empire ရုပ်ရှင် အတွက်လိုအပ်နေပါတယ် .အဆက်သွယ်ရှိတဲ့ ညီအစ်ကို မောင်နှမများ ကူညီပေးကြပါ ။ အားလုံး Peace ." ဆိုပြီး ရေးသားပြောပြထားတာပဲ ဖြစ်ပါတယ်။

Source & Photo Credit-Yone Lay's FB Acc 

Photo Credit-Yone Lay's FB Acc
Photo Credit-ဟဲဗီးဖြိုး FB Acc
Photo Credit-Yone Lay's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။