ပရိသတ်ကြီးရေ.. ပရိသတ်တွေရဲ့အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားတဲ့ မင်းသားချောလေးဘုန်းမင်းနေလကတော့ အကယ်ဒမီရွှေကြိုမောင်အဖြစ် အနုပညာလောကထဲကို စတင်ရောက်ရှိလာခဲ့ပြီး အခုဆိုရင် အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တစ်ဦးအဖြစ် လျှောက်လှမ်းနေသူပဲ ဖြစ်ပါတယ်နော်..။
ချောမောပြီးဆွဲဆောင်မှုရှိတဲ့ ပုံရိပ်လေးတွေကြောင့် မိန်းကလေးပရိသတ်တွေအများဆုံးရရှိထားတဲ့ ဘုန်းမင်းနေလကတော့ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေသလို အခမ်းအနားပွဲတွေကိုလည်း တက်ရောက်ဖြစ်နေတာ ပရိသတ်တွေမြင်တွေ့ရမှာပါနော်..။
လူငယ်ပီပီပျော်ပျော်နေတတ်တဲ့ ဘုန်းမင်းလေးကတော့ ပြီးခဲ့တဲ့ရက်က ကျင်းပပြုလုပ်ခဲ့တဲ့ အခမ်းအနားပွဲလေးတစ်ခုကို မေမေခင်ဇာခြည်ကျော်၊ ညီမလေးထင်သစ္စာတို့နဲ့အတူ တက်ရောက်လာပြီး မိသားစုလိုက်အင်တာဗျူးတွေအတူဖြေဆိုချိန်မှာလည်း ညီမလေးထင်သစ္စာကို စနောက်လိုက်ပြန်ပါတယ်နော်..။
ညီမလေးထင်သစ္စာကို အရင်တုန်းက နည်းနည်းလေးပြောတာနဲ့ သဝန်တိုပေမယ့်လည်း အခုတော့ ကြိုက်မယ့်သူမရှိဘူးထင်လို့ သဝန်မတိုတော့ဘူးဆိုပြီး အရွှန်းဖောက်က စနောက်လိုက်တာပဲ ဖြစ်ပါတယ်နော်..။
“အရင်တုန်းက နည်းနည်းလေးပြောပေမယ့် အခုတော့ သဝန်မတိုတော့ဘူး ဘာကြောင့်လဲဆိုတော့ သူ့ကို ကြိုက်မယ့်သူမရှိဘူးထင်တာ.. ဘယ်သူ့မှမကြိုက်ကြဘူးလေ ကလေးဆိုတော့ ကလေးလို့ပဲ မြင်ကြတယ်ဆိုတော့ အဲ့လိုပဲမြင်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်လို့ ..” ဆိုပြီးတော့လည်း ရယ်မောကာ စနောက်ရင်း ပြောပြထားတာ ဖြစ်ပါတယ်နော်..။
ကဲ.. ပရိသတ်ကြီးလည်း ပျော်စရာလည်းကောင်းသလို ချစ်စရာလည်းကောင်းကြတဲ့ သရုပ်ဆောင်ခင်ဇာခြည်ကျော် သားလေးဘုန်းမင်းနေလနဲ့ သမီးလေးထင်သစ္စာတို့ သုံးယောက်ရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။
Photo Credit - Thu Rein Photography
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။