မိတ်ကပ်လောကမှာဆရာတစ်ဆူလို့တင်စားခေါ်ဝေါ်လို့ရတဲ့ ညီညီမောင်(စမ်းချောင်း)ကိုတော့ ပရိတ်သတ်ကြီးအားလုံးသိမယ်ထင်ပါတယ်နော်။ မိတ်ကပ်ပညာရှင်တစ်ယောက်အနေနဲ့ ဆယ်စုနှစ်များစွာတိုင် ရပ်တည်အောင်မြင်နေတဲ့သုသုဟာ ယခုဆိုရင် ရုပ်ရှင်ကားကြီးများပါရိုက်ကူးနေပြီဖြစ်ပါတယ်။ ဒါ့ပြင်သုသုဟာ အခွီvideoလေးများကိုလည်း တင်လေ့ရှိပြီးပရိတ်သတ်တွေကို ရယ်မောပျော်ရွှင်စေနိုင်တဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။

Photo Credit-Nyi Nyi Maung's Facebook acc
Photo Credit-Nyi Nyi Maung's Facebook acc

မကြာသေးမီကသုသုဟာ သူမရဲ့facebookစာမျက်နှာတွင် ဂုတ်ထိပ် ဗိုလ်ကြီး ရှိမလား လိုက်ရှာမိတယ်ဆိုတဲ့ captionလေးနဲ့ပုံလေးတွေကိုတင်ပေးလာပါတယ်။ သူမဟာ နောင်ချိုရဲ့ဂုတ်ထိပ်တံတားကိုရောက်ရှိနေတာဖြစ်ပြီး ရှုခင်းအလှလေးတွေနဲ့ အပြိုင်ပို့စ်ပေးနေတာပါ။သုသုဟာ အဖြူရောင်၀မ်းဆက်လေးနဲ့ အရမ်းကိုလှနေတာဖြစ်ပြီးဗိုလ်ကြီးရှိမလားလိုက်ရှာမိတယ်ဆိုပြီးစနောက်ထားပါသေးတယ်နော်။

Photo Credit-Nyi Nyi Maung's Facebook acc
Photo Credit-Nyi Nyi Maung's Facebook acc

သုသုဟာ ကျားကျားကြိုက်ကြိုက်ဆိုတဲ့ရုပ်ရှင်ကားကြီးကိုရိုက်ကူးအောင်မြင်ထားတာဖြစ်ပြီး နောက်ထပ်ရုပ်ရှင်ကားကြီးတွေလည်းရိုက်ကူးနေတာဖြစ်ပါတယ်။ ပရိတ်သတ်ကြီးရော သုသုလေးကိုချစ်ကြတယ်မလား။ ဂုတ်ထိပ်မှာအပီအပြင်ပို့စ်ပေးနေတဲ့ သုသုရဲ့ပုံရိပ်တွေကိုပရိတ်သတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Nyi Nyi Maung's Facebook acc
Photo Credit-Nyi Nyi Maung's Facebook acc

Source-Nyi Nyi Maung's Facebook acc

Photo Credit-Nyi Nyi Maung's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။