အသက်ငယ်ငယ်လေးထဲက အနုပညာလမ်းကိုလျှောက်လှမ်းခဲ့ပြီး အောင်မြင်တဲ့ အဆိုတော်တစ်ယောက်အဖြစ်ရပ်တည်နေသူလေးကတော့ မေလသံစဉ်ပဲဖြစ်ပါတယ်။ သူမဟာ အသက်အရွယ်နဲ့ မလိုက်အောင် အသံပါဝါကောင်းကောင်းနဲ့ သီဆိုတက်မှုတို့ကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားသူပဲဖြစ်ပါတယ်။ အခုဆိုရင် သူမဟာ ဆယ်ကျော်သက်အရွယ်ကိုရောက်ရှိနေပြီး လှသွေးကြွယ်နေသူဖြစ်လို့ ယောကျာ်းလေး ပရိသတ်တွေ သည်းသည်းလှုပ်အားပေးနေရသူတစ်ဦးလည်းဖြစ်ပါတယ်။

Photo Credit; မေလသံစဉ် ဖေ့ဘွတ်
Photo Credit; မေလသံစဉ် ဖေ့ဘွတ်

မကြာသေးမီက သူမဟာ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အောင်မြင်ထားသူတစ်ယောက်ဖြစ်တာကြောင့် အနုပညာအလုပ်တွေကို အရင်ကထက် ပိုအားစိုက်လုပ်လာနိုင်တာကို တွေရပါတယ်။ မေလသံစဉ်ဟာ ကိုယ်ပိုင်တေးသီချင်းတွေအပြင် အရင်က အဆိုတော်ကြီးတွေရဲ့ သီချင်းတွေကို ပြန်လည်သီဆိုနိုင်တာကြောင့် ပရိသတ်တွေက ချီးကျူးမဆုံးဖြစ်နေကြတာပဲဖြစ်ပါတယ်။ အခုလည်း သူမဟာ “မင်းသမီးလေးလည်းဖြစ်ချင်”ဆိုတဲ့ သီချင်းMTVလေးကို ရိုက်ကူးနေတာဖြစ်ပြီး ပရိသတ်တွေကို ဖေ့ဘွတ်စာမျက်နှာမှ တဆင့် ပြန်လည်မျှဝေထားတာပဲဖြစ်ပါတယ်…။

Photo Credit; မေလသံစဉ် ဖေ့ဘွတ်

မေလသံစဉ်ဟာအရွယ်နဲ့ မလိုက်အောင် တော်လွန်းတာကြောင့် သူမကို အခမ်းအနားပွဲတော်တော်များများက တက်ရောက်ဖို့ဖိတ်ကြားတာကို ခံရသူတစ်ဦးလည်းဖြစ်ပါတယ်။ မေလသံစဉ်ရဲ့ ငယ်ရုပ်မပျောက်တဲ့ လှပမှုလေးတွေနဲ့ အတူ သူမရဲ့ မင်းသမီးလေးလည်းဖြစ်ချင်ဆိုတဲ့ စာသားလေးကို ပရိသတ်ကြီးအတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်…။

Photo Credit; မေလသံစဉ် ဖေ့ဘွတ်
Photo Credit; မေလသံစဉ် ဖေ့ဘွတ်

Source; မေလသံစဉ် ဖေ့ဘွတ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။