ပရိသတ်ကြီးရေ မင်းသမီးချောလေးလင်းဇာနည်ဇော်ကတော့ ချစ်ရတဲ့အစ်မကြီးချစ်ချစ်ဇော်နဲ့အတူ စီးပွားရေးတွေကို အတူတူလုပ်ဆောင်နေတာဖြစ်ပါတယ်။လင်းဇာနည်ဇော်တို့ထုတ်လုပ်ရေးကနေ ထုတ်လုပ်ပြီး ဒါရိုက်တာမိုက်တီးရိုက်ကူးပုံဖော်ထားတဲ့"မြန်မာပေါကားတွေရပ်"ရုပ်ရှင်ဇာတ်ကားကြီးဟာဆိုရင် (၃၀.၁.၂၀၂၀)ရက်နေ့မှာရုံတင်တော့မှာဖြစ်ပါတယ်။ပရိသတ်တွေကလည်း လင်းဇာနည်ဇော်တို့မောင်နှမတွေရဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို အားပေးဝန်းရံကြဖို့အတွက်စောင့်မျှော်နေကြတာဖြစ်ပါတယ်နော်။

Photo Credit:Lin Zarni Zaw's Facebook Account
Photo Credit:Lin Zarni Zaw's Facebook Account
Photo Credit:Lin Zarni Zaw's Facebook Account

လင်းဇာနည်ဇော်ရဲ့တစ်ဦးတည်းသောသမီးလေး မြူလင်းကိုကိုကလည်းမြန်မာပြည်ကိုပြန်လည်ရောက်ရှိနေတာဖြစ်လို့ သားအမိနှစ်ယောက်က အတူတူတွဲပြီး ပွဲတွေတက်ရောက်နေတာပါနော်။လင်းဇာနည်ဇော်တို့ညီအစ်မတွေက ရိုးရိုးရှင်းရှင်းနေထိုင်ကြပြီး ကိုယ့်အားကိုယ်ကိုးကာ ကြိုးစားဆောင်ရွက်တတ်တဲ့အပြင် စိတ်သဘောထားပြည့်ဝကြလို့လည်း လူချစ်လူခင်ပေါများပါတယ်နော်။လင်းဇာနည်ဇော်တို့မောင်နှမတွေက သူတို့ဇာတ်ကားကြီးအောင်မြင်ဖို့အတွက် အနယ်နယ်အရပ်ရပ်ကိုသွားရောက်ပြီး ကြိုးစားဆောင်ရွက်နေကြတာပဲဖြစ်ပါတယ်။

Photo Credit:Lin Zarni Zaw's Facebook Account
Photo Credit:Lin Zarni Zaw's Facebook Account
Photo Credit:Lin Zarni Zaw's Facebook Account

လင်းဇာနည်ဇော်တို့ညီအစ်မနှစ်ယောက်အပြင် နေမင်း၊အေးမြတ်သူ၊အေးသီတာ၊အေးအေးခိုင်တို့နဲ့ တစ်ခြားမိတ်ဆွေတွေကလည်း "မြန်မာပေါကားတွေရပ်"ရုပ်ရှင်ဇာတ်ကားကြီးအောင်မြင်ဖို့အတွက် ခရီးတွေထွက်နေကြတာဖြစ်ပါတယ်။အခုဆိုရင်တော့ လင်းဇာနည်ဇော်တို့က ကျောက်ပျဉ်အကြီးကြီးမှာ သနပ်ခါးတွေသွေးပြီး အပြန်အလှန်လိမ်းပေးနေကြကာ ချစ်ခင်ရင်းနှီးနေကြတဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။ 

Photo Credit:Lin Zarni Zaw's Facebook Account
Photo Credit:Lin Zarni Zaw's Facebook Account
Photo Credit:Lin Zarni Zaw's Facebook Account

Photo Credit:Lin Zarni Zaw's Facebook Account

Source:Lin Zarni Zaw's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။