ပရိသတ်ကြီးရေ.. ချစ်စရာလည်းကောင်းပြီး အနုပညာပိုင်းမှာလည်း ထူးချွန်တဲ့ အဆိုတော် သရုပ်ဆောင်မင်းသမီးချောလေး နန်းဆုရတီစိုးကိုတော့ ပရိသတ်တွေ မချစ်ပဲ မနေနိုင်လောက်အောင် အချစ်ပိုနေကြမှာပါနော်..။

ဆွဲဆောင်မှုတွေအပြည့်နဲ့ ကျော့ရှင်းတဲ့အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ နန်းဆုလေးကတော့ လာမယ့် ဖေဖော်ဝါရီ(၁၄)ရက်နေ့မှာ ကျရောက်မယ့် ချစ်သူများနေ့လေးမှာ ချစ်ရသူတွေနဲ့အတူ ဖြတ်သန်းသွားမယ်လို့ ဆိုပါတယ်နော်..။


Photo Credit – Alinn Yaung Photography
Photo Credit – Alinn Yaung Photography

V Day နေ့လေးကို တစ်ယောက်တည်း ဖြတ်သန်းမှာမဟုတ်ဘဲ သူမကိုချစ်တဲ့သူတွေ သူမကချစ်ရသူတွေနဲ့အတူ ခရီးတွေထွက်ရှိကာ ဖြတ်သန်းသွားမှာဖြစ်တဲ့အကြောင်းလေးကို နန်းဆုက ပြောပြထားတာ ဖြစ်ပါတယ်..။

မကြာခင်မှာ ရောက်ရှိလာတော့မယ့် ချစ်သူများနေ့လေးကို ချစ်ရသူတွေနဲ့အတူ ဖြတ်သန်းမှာဖြစ်သလို လတ်တလောမိန်းကလေးပရိသတ်တွေကြား ခေတ်စားနေတဲ့ ကိုရီးယားကားထဲက ဗိုလ်ကြီးကိုလည်း သဘောကျတဲ့အကြောင်းလေးကိုလည်း ပြောပြထားတာပါ..။


Photo Credit – Alinn Yaung Photography
Photo Credit – Alinn Yaung Photography

ဗိုလ်ကြီးရဲ့ကာရိုက်တာက မိန်းကလေးတိုင်း စိတ်ကူးယဉ်တဲ့ ပုံစံဖြစ်ပြီး ယောက်ကျားလေးဆိုရင် ချစ်တတ်ရမယ်၊ သစ္စာရှိရမယ် ၊ ကိုယ်ကို အမြဲတမ်းကြင်နာယုယရမယ် ၊ ဂရုစိုက်တတ်ရမယ် ကာကွယ်စောင့်ရှောက်တတ်ရမယ် အဲ့ဒါအပြင် အခြားကောင်မလေးတွေကို အဖက်မလုပ်ပဲ ကိုယ့်ကောင်မလေးကိုပဲ အရမ်းတန်ဖိုးထားတဲ့ ကောင်လေးမျိုး အပြင်မှာတကယ်ရှိရင် လိုချင်တာပေါ့ဆိုပြီးတော့လည်း ရယ်ရယ်မောမောနဲ့ အရွှန်းဖောက် ပြောပြထားပါသေးတယ်နော်..။

Single ဖြစ်သွားပြီဆိုတော့ (၂၀၂၀)မှာ မိသားစုတွေ သူငယ်ချင်းတွေ အလုပ်ရော ပိုပြီးတော့ အချိန်ပေးဖြစ်သွားတာပေါ့ အဲ့တော့ (၂၀၂၀)မှာ အလုပ်တွေလည်း ပိုပြီးတော့လုပ်ဖြစ်သလို ဖေဖော်ဝါရီ(၁၀)ရက်နေ့လေးမှာလည်း သီချင်းအသစ်လေးထွက်ဖို့ ရှိတာမို့ အားပေးကြဖို့ ပြောပြထားတဲ့ နန်းဆုလေးရဲ့ ဗီဒီယိုဖိုင်လေးကို ပရိသတ်တွေ သဘောကျနေကြမှာပါနော်..။

Photo Credit – Alinn Yaung Photography
Photo Credit – Alinn Yaung Photography

Photo Credit – Alinn Yaung Photography

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။