အမိုက်စားသီချင်းစာသားမြူးမြူးကြွကြွလေးတွေအပြင် ကြွေလောက်စရာ အဖီးလ်တစ်လိုင်း သီချင်းကောင်းကောင်းလေးတွေကို ဖန်တီးတတ်ကြတဲ့ အနုပညာရှင်လူငယ်တွေထဲမှာ အဆိုတော်ဘန်နီဖြိုးနဲ့ G-Fatt တို့ကတော့ ပရိသတ်တွေရဲ့ တခဲနက်အားပေးချစ်ခင်မှုတွေကို ရရှိထားကြတာပါ..။

အောင်မြင်ကျော်ကြားတဲ့ ဂီတအနုပညာရှင်တွေဖြစ်ကြတဲ့ သူတို့သူငယ်ချင်းနှစ်ယောက်ကတော့ မိန်းကလေးပရိသတ်တွေအများဆုံးရရှိထားကြသလို ယောကျ်ားလေးကလည်း အားပေးကြပြီး သူတို့ရဲ့သီချင်းလေးတွေဟာ ပရိသတ်တွေကြားအမြဲရေပန်းစားနေလည်း အားလုံးအသိပါပဲနော်..။


Photo Credit - THEIN THAN OO Photography
Photo Credit - Bunny Phyoe's Facebook Account

ပရိသတ်ကြီးရေ.. ချစ်သူများနေ့ဖြစ်တဲ့ လာမယ့် ဖေဖော်ဝါရီ(၁၄)ရက်နေ့နဲ့ (၁၅)ရက်နေ့တို့မှာ စည်ကားစွာကျင်းပပြုလုပ်မယ့် ဘန်နီဖြိုးရဲ့ DREAMWORLD 2020 ပွဲလေးကိုလည်း G-Fatt က စင်အောက်ကနေ ပရိသတ်တွေနဲ့အတူ သွားရောက်အားပေးမှာဖြစ်တယ်လို့ ဆိုပါတယ်..။

လူဦးရေအကန့်အသတ်နဲ့ ပြုလုပ်ထားတဲ့ ဘန်နီရဲ့ ပွဲလေးကို နှစ်ရက်လုံး သွားအားပေးမှာဖြစ်ပြီး ပရိသတ်တွေ သူငယ်ချင်းတွေနဲ့အတူ စင်အောက်ကနေ အားလုံးနဲ့ တစ်သွေးတည်းတစ်သားတည်း တူတူကခုန်ကာ သွားကဲမယ်ဆိုပြီး G-Fatt က ပြောပြထားတာပါ..။


Photo Credit - Bunny Phyoe's Facebook Account
Photo Credit - Bunny Phyoe's Facebook Account

ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပပြုလုပ်ခဲ့တဲ့ စာနယ်ဇင်းပွဲကိုလည်း G-Fatt က တက်ရောက်ခဲ့ပြီး ဘန်နီဖြိုးက သူ့ရဲ့သူငယ်ချင်းကောင်းဖြစ်သလို သူ့ပွဲတွေကိုလည်း ဘန်နီဖြိုးက အများကြီးကူညီတဲ့အကြောင်းလည်း ပြောပြထားပါသေးတယ်..။

ဒီကနေ့လေးမှာတော့ G-Fatt တစ်ယောက် မကြာခင်မှာ ကျင်းပပြုလုပ်မယ့် ဘန်နီဖြိုးရဲ့ ရှိုးပွဲကို သွားရောက်ကဲမယ့်အကြောင်းလေးeနဲ့ သူ့ရဲ့အနုပညာလှုပ်ရှားမှုတွေ အကြောင်းပြောပြထားတဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Bunny Phyoe's Facebook Account
Photo Credit - Bunny Phyoe's Facebook Account

Photo Credit - Bunny Phyoe's Facebook Account & THEIN THAN OO Photography

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။