အဆိုတော်လေးဖြစ် သရုပ်ဆောင်လည်းဖြစ်တဲ့ ခေတ်နဲ့သစ်လေးတို့ရဲ့မေမေချစ်သုဝေကို ပရိတ်သတ်ကြီးသိကြမယ်ထင်ပါတယ်နော်။ သူမဟာအနုပညာလောကထဲတွင် ဆယ်စုနှစ်တစ်ခုကျော်မျှရပ်တည်အောင်မြင်နေသူတစ်ယောက်ဖြစ်ပြီး ပျော်ရွှင်စရာမိသားစုဘဝလေးကိုလည်း တည်ထောင်ထားနိုင်တဲ့ အိမ်ထောင်ရှင်မကောင်းတစ်ယောက်ဖြစ်ပါတယ်။ ဒါ့ပြင် ဆရာဝန်လည်းဖြစ်တဲ့ချစ်သုဝေဟာ ပရိတ်သတ်တွေကို ကျန်းမာရေးဗဟုသုတလေးတွေကိုလည်းမျှဝေပေးတတ်သူတစ်ယောက်ဖြစ်ပါတယ်။


Photo Credit-Alinn Yaung Photography
Photo Credit-Alinn Yaung Photography

မကြာသေးမီက ချစ်သုဝေဟာသူမရဲ့facebookစာမျက်နှာတွင် ဒေါ်ခန်းရင်ကချင်လုံချည်ဆိုင်ဖွင့်ပွဲလေးတက်ခဲ့တယ် အဖွားဒေါ်ခန်းရင်ကိုဆုံခဲ့ရတယ် ကျန်းမာနေတဲ့အဖွားရယ်ပျော်စရာသားသမီး၉ယောက်ရယ် မြေးမြစ်တွေရယ်တွေ့ရမြင်ရတာ ကြည်နူးစရာဆိုပြီးရေးသားထားပါတယ်။ ချစ်သုဝေဟာပန်းနုရောင်ဝတ်စုံလေးနဲ့တစ်ကယ်ကို တစ်သားမွေးတသွေးလှနေတာပါပဲနော်။ ဒါ့ပြင်သူမဟာ ဖေဖေနဲ့မေမေရော မန်းလေးကဖေဖေရောမေမေရောအားလုံးကိုလည်းအသက်ရှည်အနာမဲ့စွာလုပ်ကျွေးပြုစုခွင့်ရလိုပါတယ်လို့လည်းရေးသားထားပါသေးတယ်။

Photo Credit-Alinn Yaung Photography
Photo Credit-Alinn Yaung Photography

ချစ်သုဝေဟာလတ်တလောတွင်ပွဲအခမ်းအနားများတက်ရောက်နေပြီး သီချင်တွေလည်းသီဆိုဖျော်ဖြေနေတာဖြစ်ပါတယ်။ ပရိတ်သတ်ကြီးရော မေမေထရီဇာကိုချစ်ခင်လေးစားကြတယ်မလား။ လှပကျော့ရှင်းနေတဲ့ မေမေထရီဇာရဲ့ပုံရိပ်တွေကိုပရိတ်သတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Alinn Yaung Photography
Photo Credit-Alinn Yaung Photography

Source-Chit Thu Wai's Facebook acc

Photo Credit-Alinn Yaung Photography

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။