ပရိသတ်ကြီးရေ သရုပ်ဆောင်မင်းသားချောလေးတစ်ယောက်ဖြစ်တဲ့ ကျော်ကျော်ကတော့ လက်ရှိမှာလည်းအနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေတာဖြစ်ပြီး ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ကျော်ကျော်က စိတ်သဘောထားလည်းပြည့်ဝပြီး အမြဲပျော်ပျော်နေတတ်ကာ စနောက်တတ်လို့ လူချစ်လူခင်ကလည်းပေါများပါတယ်နော်။



ကျော်ကျော်၊ဆုမြတ်နိုးဦးနဲ့ ညီထွဋ်ခေါင်တို့ သူငယ်ချင်းသုံးယောက်ကတော့ အပြန်အလှန်လည်းစနောက်နေကြပြီး တစ်ယောက်ကိုတစ်ယောက် အပီအပြင်ဆေးထိုးကြကာ အရမ်းခင်တဲ့ BFF သူငယ်ချင်းတွေဖြစ်ကြပါတယ်။ကျော်ကျော်တို့သူငယ်ချင်းတွေက အနုပညာအလုပ်တွေကိုလည်း အတူတူလုပ်ကိုင်ကြပြီး လိုအပ်တဲ့အကူအညီနဲ့အကြံဉာဏ်တွေကို အချင်းချင်းရိုင်းပင်းကူညီကြတဲ့ သူတွေပါနော်။



သူငယ်ချင်းသုံးယောက်လုံးက မကြာခဏ Tiktok ကစားကြပြီး ဟာသဗီဒီယိုလေးတွေလည်း ရိုက်တတ်ကြလို့ ပရိသတ်တွေက သူတို့ရဲ့ဗီဒီယိုလေးတွေကိုအားပေးကြပါတယ်။အခုဆိုရင်လည်း ကျော်ကျော်က "ဂေးတစ်ယောက်ရဲ့ဖွင့်ဟဝန်ခံချက်"ဆိုပြီး အမူအရာနွဲ့နွဲ့နှောင်းနှောင်းနဲ့ အိုင်တင်လေးတွေကိုမျိုးစုံလုပ်ပြီး အခွီပုံစံလေးနဲ့ဗီဒီယိုရိုက်ထားတာကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။



Photo Credit: N-H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ Page
Source:N-H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ Page
Video Credit: N-H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ Page
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။