သရုပ်ဆောင် မင်းသမီးချောလေး ခြူးလေးကတော့ ပျော်ပျော်နေတတ်ပြီး စိတ်သဘောထားကောင်းသူလေးအဖြစ် အားလုံးကသိထားကြတာ ဖြစ်ပါတယ်။ ဟန်ဆောင်မှုကင်းပြီး လွတ်လပ်ပျော်ရွှင်စွာ နေထိုင်တတ်တဲ့ ခြူးလေးရဲ့ဟန်ပန်အမူအရာလေးတွေကြောင့် ပရိသတ်တွေက အချစ်ပိုခဲ့ရတာ ဖြစ်ပါတယ်။ ခြူးလေးက အမာခံပရိသတ်တွေ အများအပြားပိုင်ဆိုင်ထားရပြီး နာမည်တစ်လုံးနဲ့ အောင်မြင်ကျော်ကြားနေတာပဲ ဖြစ်ပါတယ်။

Photo Credit-Chue Lay's FB
Photo Credit-Chue Lay's FB

ဇာတ်လမ်းတွဲလေးတွေနဲ့ လူသိများအောင်မြင်ခဲ့တဲ့ ခြူးလေးက လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ကြော်ငြာတွေ အများဆုံးရိုက်ကူးနေရတာ ဖြစ်ပါတယ်။ ခြူးလေးက Tik Tok ကစားရတာဝါသနာပါပြီး မကြာခဏဆိုသလို ဟာသဗီဒီယိုလေးတွေကို တင်ပေးလေ့ရှိတာ ဖြစ်ပါတယ်။ အခုလည်း ခြူးလေးက ပရိသတ်တွေရယ်မောပျော်ရွှင်စေဖို့အတွက် နာမည်ကြီးဟာသတွေကို အခွီပုံစံနဲ့ ပြန်လည်သရုပ်ဆောင်ပြခဲ့ပါတယ်။

Photo Credit-Chue Lay's FB
Photo Credit-Chue Lay's FB
Photo Credit-Chue Lay's FB

ခြူးလေးက "အသစ်လေးတွေ အခွီတွေပါ ပါတယ်နော် မျှော်နေကြလွန်းလို့.....ဒီနေ့တော့ ပေါတောတော နေခွင့်ပြု....."ဆိုပြီး ဗီဒီယိုလေးတွေကို ပရိသတ်တွေအတွက် မျှဝေပေးခဲ့တာ ဖြစ်ပါတယ်။ အိုက်တင်မျိုးစုံနဲ့ သရုပ်ဆောင်ပြထားတဲ့ ခြူးလေးရဲ့ Tik Tok ဗီဒီယိုလေးတွေကိုလည်း ပရိသတ်တွေက နှစ်ခြိုက်အားပေးနေကြတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ခြူးလေးရဲ့ ချစ်စရာ Tik Tok ဗီဒီယိုလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo & Video Credit-Chue Lay's FB 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။