ပရိသတ်ကြီးရေ.. ချီချီလို့အားလုံးက ချစ်စနိုးခေါ်ကြပြီး ချီလီလေးတွေရဲ့အသည်းကျော်လေး နေခြည်ဦးကတော့ ပွင့်လင်းပြီး သွက်သွက်လက်လက်လေးနဲ့ ချစ်စရာကောင်းလွန်းတာကြောင့် ပရိသတ်တွေက တခဲနက်ချစ်ခင်ကြသူလေးပဲ ဖြစ်ပါတယ်..။
နာမည်ကျော် Beauty Blogger တစ်ယောက်လည်းဖြစ်သလို သရုပ်ဆောင်ပိုင်းမှာလည်း ပီပြင်လွန်းလို့ ပရိသတ်တွေရဲ့ ချီးကျူးမှုတွေကို ရရှိထားတဲ့ ချီချီလေးကတော့ အဘက်ဘက်ကနေ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေသူလေးပါပဲနော်..။
သွက်ပြီး ပွင့်လင်းတဲ့ သူမရဲ့ဟန်ပန်ပုံရိပ်လေးတွေကြောင့် ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုတွေကို အများဆုံးရရှိထားတဲ့ ချီချီလေးဟာ ကျေးလက်ဒေသမှာ ထမိန်ရင်လျားနဲ့ ရေချိုးနေတဲ့ သူမရဲ့ဓာတ်ပုံလေးတွေနဲ့ ပတ်သက်ပြီး ပြောပြလာပါတယ်..။
ရိုက်ကူးရေးနဲ့ နောင်ချိုသွားရင်း အဲ့ဒီ့မှာ ဟိုတယ်မရှိဘဲ ရွာကလူတွေလုပ်ပေးထားတဲ့ ရေချိုးခန်းပဲရှိပြီး ရေကလည်း အရမ်းအေးကာ ရေပူလည်းမရတော့ ကြောက်ပေမယ့် ချိုးကြည့်မယ်ဆိုပြီး ထမိန်လေးပတ်ပြီး ချိုးကြည့်တာ ဆိုပြီး ပြောပြထားတာပါ..။
ရေအေးလေးနဲ့ အဲ့လိုချိုးလိုက်တော့ ခရီးပန်းပြီး တစ်ကိုယ်လုံးနာကျင်ကိုက်ခဲကာ အရမ်းညောင်းနေတာတွေက အရမ်းကို လန်းဆန်းသွားခဲ့ပြီး အဲ့ဒီခံစားချက်လေးနဲ့ အပြင်ပတ်ဝန်းကျင်အပြင် ဒုဌဝတီမြစ်ကြီးကိုလည်းမြင်ရတာမို့ အဲ့ဒါတွေအကုန်ပေါင်းပြီး ဓာတ်ပုံလေးတွေ တင်ဖြစ်တာပါဆိုပြီးတော့လည်း ချီချီလေးက ပြောပြထားပါသေးတယ်..။
တကယ်တော့ ရေအေးနဲ့ချိုးတာက ကိုယ်လက်အကြောအချဉ်အရမ်းပြေတယ် တော်တော်လေးကောင်းတယ် ရေအေးနဲ့ချိုးတာက ကျန်းမာရေးအတွက် တော်တော်လေးကောင်းပါတယ် ဆိုပြီး ရေအေးလေးနဲ့ ချိုးရတဲ့ ခံစားချက်လေးတွေကိုပါ မျှဝေပြောပြထားတဲ့ ချီချီလေးရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။
Photo Credit – Nay Chi Oo’s Facebook & Li John Photography
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။