ပရိသတ်ကြီးရေ.. Myanmar Idol ပြိုင်ပွဲကြီးကတော့ မြန်မာနိုင်ငံရဲ့ အကြီးအကျယ်အအောက်မြင်ဆုံးနဲ့ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုတွေကို အများဆုံးရရှိထားတဲ့ ပြိုင်ပွဲကြီးတစ်ခုပဲ ဖြစ်ပါတယ်နော်..။

ကိုယ်ပိုင်အရည်အချင်းတွေနဲ့ ပရိသတ်တွေရဲ့ အားပေးဝန်းရံချစ်ခင်မှုတွေကို သိမ်းပိုက်ထားပြီး အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တွေကို မွေးထုတ်ပေးတဲ့ နာမည်ကျော် TV အစီအစဉ်ကြီး တစ်ခုဆိုလည်း မမှားပါဘူးနော်..။

Photo Credit - Esther's Facebook
Photo Credit - Myanmar Idol

အခုဆိုရင် Myanmar Idol Season 4 ပြီးဆုံးသွားပြီဖြစ်ပြီး Myanmar Idol Season 4 ရဲ့ Winner ဆုရှင်ကတော့ ပရိသတ်တွေရဲ့အချစ်တော် တိုင်းရင်းသူလေးဖြစ်တဲ့ အက်စတာဒေါ့သ်ချင်းဆုန် ပဲ ဖြစ်ပါတယ်နော်..။

အက်စတာကတော့ Myanmar Idol ရဲ့ ပထမဆုံး မိန်းကလေး Winner ဆုရှင်အဖြစ် စံချိန်တင်နိုင်ခဲ့တာဖြစ်ပြီး Winner ဆုကို ထိုက်တန်စွာ ဆွတ်ခူးသွားတဲ့အတွက်လည်း ပရိသတ်တွေက ကြည်နူးဝမ်းသာနေကြပါတယ်နော်..။

Photo Credit - Esther's Facebook
Photo Credit - Myanmar Idol
Photo Credit - Myanmar Idol

ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးယှဉ်ပြိုင်မှုတွေနဲ့အတူ သူမရဲ့ အမိုက်စားအသံပါဝါကောင်းကောင်းနဲ့ ထိုက်တန်တဲ့အရည်အချင်းတွေကို ထုတ်ဖော်ပြသခဲ့တဲ့ အက်စတာကတော့ Winner ဆုကြီး သူမရဲ့ဇာတိမြေ ချင်းပြည်နယ်ကို သယ်ဆောင်သွားနိုင်ခဲ့ပါပြီနော်..။

ဒီကနေ့လေးမှာတော့ Myanmar Idol ရဲ့ ပထမဆုံး မိန်းကလေး Winner ဆုရှင်ဖြစ်တဲ့ အက်စတာလေးကို ဂုဏ်ပြုရင်း သူမရဲ့ ချစ်စရာပုံရိပ်လေးတွေကိုလည်း တင်ဆက်မျှဝေပေးလိုက်ပါတယ်နော်..။

Photo Credit - Myanmar Idol
Photo Credit - Esther's Facebook
Photo Credit - Esther's Facebook

Photo Credit - Myanmar Idol & Esther's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။