ပရိသတ်ကြီးရေ.. နန်းဆုလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင်မင်းသမီးချောလေး နန်းဆုဦးကတော့ သရုပ်ဆောင်ကောင်းမှုတွေအပြင် ချစ်စရာကောင်းပြီး ရိုးရှင်းတဲ့အလှတရားတွေနဲ့ အနေအေးတဲ့ ပုံရိပ်လေးတွေကြောင့် ပရိသတ်တွေက အမြဲအချစ်ပိုနေကြတာပါ..။
အောင်မြင်ကျော်ကြားတဲ့ ထိပ်တန်းမင်းသမီးတွေထဲ တစ်ဦးဖြစ်တဲ့ နန်းဆုဦးကတော့ ယောကျ်ားလေးပရိသတ်တွေအပြင် မိန်းကလေးပရိသတ်တွေကပါ အားပေးချစ်ခင်နေကြပြီး ဇာတ်ကားတွေလည်း ဆက်တိုက်ရိုက်ကူးနေသူလေးလည်း ဖြစ်ပါတယ်နော်..။
 
                        
                             
                        
                            နန်းဆုဦးကတော့ ဘန်ကောက်မှာ ဆေးကုသမှုခံယူလိုက်ရတဲ့အထိ ကျန်းမာရေးချို့တဲ့ကာ ခြေထောက်ထိခိုက်သွားတဲ့ သူမရဲ့ကျန်းမာရေးအခြေအနေတွေအကြောင်း ပရိသတ်တွေကို ပြောပြလာပါတယ်နော်..။
ဖြစ်ဖြစ်ပြီးချင်း နှစ်ပတ်လောက်နေတော့ ဘန်ကောက်မှာ သွားကုပြီး ကောင်းဖို့ တော်တော်လေး အချိန်ယူရသလို ဖြစ်တာ တစ်လကျော်ကျော်လောက်ရှိပြီး အကင်းကြီးတော့ မကောင်းသေးဘူး ဆိုပြီး သူမရဲ့ လက်ရှိကျန်းမာရေး အခြေအနေလေးကို ပြောပြထားတာ ဖြစ်ပါတယ်..။
 
                        
                             
                        
                            ကြွက်သားတွေကထိထားလို့ ပင်ပန်းလွယ်တော့ နည်းနည်းလေး ပိုပြီးဂရုစိုက်နေရကာ ခန္ဓာကိုယ်ထဲမှာ တချို့ဓာတ်လေးတွေ လိုအပ်တာကနေ စပြီးချို့ယွင်းလာတဲ့အချိန် သူ့ကို သွားခိုင်းသလိုဖြစ်သွားတော့ ကြွက်တတ်တာကြာသွားတဲ့အခါ ခြေတောက်က ထောက်လို့မရတော့အောင် ဒဏ်ဖြစ်သွားပြီး မကျန်းမာတော့ဘဲ ဖြစ်သွားတာပါ.. ဆိုပြီး ပြောပြထားတာပါ..။
ခြေထောက်က လုံးဝအကင်းကြီး မပျောက်သေးတာမို့ သူမရဲ့လက်ရှိကျန်းမာရေးနဲ့ အဆင်ပြေမယ့် ဇာတ်မျိုးတွေကို ရွေးပြီးတော့ ဇာတ်ကားရိုက်တဲ့အကြောင်းကို ပြောပြထားသလို သတိမထားမိတာအရာလေးတွေက တစ်ခါတစ်လေကျရင် အကြီးကြီးတွေ ဖြစ်သွားတတ်တာမို့ ပရိသတ်တွေကိုလည်း အစစအရာရာ ဂရုစိုက်ဖို့ ပြောထားတဲ့ နန်းဆုလေးရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။
 
                        
                             
                        
                            Photo Credit - Nan Su Oo’s Facebook
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
    Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။
    
 
               
               
               
					 
					 
              