ပရိသတ်အချစ်တော် အိစိကွေးကတော့ ကလေးသရုပ်ဆောင်ဘဝကတည်းက အနုပညာအလုပ်တွေကို လုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။ အခုဆိုရင် လူပျိုပေါက်အရွယ်ကိုရောက်ရှိနေပြီဖြစ်တဲ့ အိစိကွေးက သရုပ်ဆောင်အဖြစ်ရော အဆိုတော်အဖြစ်ပါ အောင်မြင်မှုတွေကို သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။ ငယ်ရုပ်လေးမပျောက်ဘဲ အရင်တုန်းကထက် ပိုမိုချောမောလာတဲ့ အိစိကွေးကို မိန်းကလေးပရိသတ်တွေကလည်း အပြတ်အသတ်ဝန်းရံနေကြတာ ဖြစ်ပါတယ်။

Photo Credit-Eisi Kway's FB
Photo Credit-Eisi Kway's FB
Photo Credit-Eisi Kway's FB

အိစိကွေးအနေနဲ့ကလည်း ပညာရေးတစ်ဖက်နဲ့ အနုပညာအလုပ်တွေကို အာရုံစိုက်ပြီးလုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ခရစ္စမတ်နေ့လေးမှာလည်း အိစိကွေးက ပွဲအခမ်းအနားတစ်ခုကို တက်ရောက်ခဲ့ပြီး ပရိသတ်တွေကိုတေးသီချင်းတွေနဲ့ သီဆိုဖျော်ဖြေခဲ့ပါတယ်။ ဒီပွဲလေးမှာတော့ အိစိကွေးနဲ့ ဖိလစ်ပိုင် Cat Walk King ဖြစ်တဲ့ Sinon Loresca တို့နှစ်ယောက်က ဆုံတွေ့ခဲ့ကြပြီး ပရိသတ်တွေကို အတူတူတွဲဖက်ဖျော်ဖြေခဲ့ကြတာ ဖြစ်ပါတယ်။

Photo Credit-Eisi Kway's FB
Photo Credit-Eisi Kway's FB
Photo Credit-Eisi Kway's FB

ဒါကြောင့် အိစိကွေးက " အချစ်ကို ရှာဖွေတွေ့ရှိ with Sinon Loresca " ဆိုပြီး နှစ်ယောက်အတူရိုက်ထားတဲ့ပုံလေးတွေကို အမှတ်တရအနေနဲ့ တင်လိုက်တာ ဖြစ်ပါတယ်။ ဒီပုံလေးနဲ့အတူ Sinon Loresca ကလည်း အိစိကွေးကို " My new boyfriend " ဆိုပြီး ပြန်လည်စနောက်လိုက်တာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် အိစိကွေးနဲ့ Sinon တို့နှစ်ယောက်ရဲ့ ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Sinon Loresca's FB & Eisi Kway's FB  

Photo Credit-Sinon Loresca's FB
Photo Credit-Sinon Loresca's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။