အဆိုတော် ကျော်ထွဋ်ဆွေနဲ့ အဆိုတော် သရုပ်ဆောင် မင်းသမီးချောလေး နန်းသူဇာတို့ ချစ်သူနှစ်ဦးကတော့ တစ်ဦးနဲ့ တစ်ဦး အရမ်းချစ်ကြတဲ့ ချစ်သူစုံတွဲလေးပဲဆိုတာ ပရိသတ်ကြီးများ အသိပါပဲနော်..။
ပရိသတ်တွေအသီးသီးနဲ့ အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တွေအဖြစ်ရပ်တည်နေကြတဲ့ သူတို့စုံတွဲလေးကတော့ အခမ်းအနားပွဲတော်တော်များများကိုလည်း ရွှေလက်တွဲကာ အတူတက်ရောက်ဖြစ်နေကြသူလေးတွေပဲ ဖြစ်ပါတယ်နော်..။


နားလည်မှုတွေနဲ့ ချစ်သူသက်တမ်းကို နှစ်အတော်ကြာဖတ်သန်းလာကြတဲ့ သူတို့စုံတွဲလေးကတော့ "ကြောက်ကြောက်ကြောက်-၂" ရုပ်ရှင်ဇာတ်ကားကြီးရဲ့ အထူးပြပွဲကိုလည်း အတူတက်ရောက်လာခဲ့ကြပါတယ်နော်..။
အနက်ရောင်ဖက်ရှင်လေးတွေနဲ့ ရိုးရှင်းစွာ ပွဲတက်လာတဲ့ သူတို့ ချစ်သူနှစ်ဦးကတော့ အမှတ်တရဓာတ်ပုံလေးတွေလည်း ရိုက်ကာ ရယ်ကာမောကာနဲ့ ပျော်နေကြတာကိုလည်း ပရိသတ်တွေ တွေ့မြင်ရမှာပါနော်..။



လိုက်ဖက်ညီလွန်းတဲ့ကျော်ထဋ်ဆွေနဲ့ နန်းသူဇာတို့ ချစ်သူနှစ်ယောက်ကတော့ ကြည်နူးစရာ အချစ်ရေးလေးကိုလည်း နှစ်ယောက်အတူ နားလည်ချစ်ခင်မှုတွေနဲ့ ပိုင်ဆိုင်ဖြတ်သန်းနေကြတာမို့ ပရိသတ်တွေကလည်း အားကျချစ်ခင်နေကြတာပါ..။
အားလုံးကို အချစ်ပိုစေပြီး ကြည်နူးမှုတွေ ကူးစက်စေတဲ့ ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာတို့ ချစ်သူနှစ်ဦးရဲ့ ပွဲတက်ပုံရိပ်လေးတွေကိုလည်း တင်ဆက်မျှဝေပေးလိုက်ပါတယ်နော်..။


Photo By Myanmarload
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။