သရုပ်ဆောင် မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကတော့ ဆွဲဆောင်မှုရှိတဲ့ ကောက်ကြောင်းအလှတွေနဲ့ ပုရိသတွေကြားမှာ အထူးတလည်ရေပန်းစားအောင်မြင်နေတာ ဖြစ်ပါတယ်။ အနုပညာသက်တမ်း နှစ်အတော်ကြာရှိနေပြီဖြစ်တဲ့ သင်ဇာဝင့်ကျော်က အနုပညာလောကမှာ မသိသူမရှိလောက်အောင် နာမည်ရအောင်မြင်နေပြီးသားလည်း ဖြစ်ပါတယ်။ ဒါ့အပြင် သင်ဇာက ယောက်ျားလေးပရိသတ်တွေအပြင် မိန်းကလေးပရိသတ်တွေအားလုံးရဲ့ စိတ်ဝင်စားမှုကိုလည်း ရရှိထားတာဖြစ်ပါတယ်။

Photo Credit- Thin Zar Wint Kyaw's FB
Photo Credit- Thin Zar Wint Kyaw's FB
Photo Credit- Thin Zar Wint Kyaw's FB

Sexy ဆန်ဆန်ဖက်ရှင်လေးတွေကိုဝတ်ဆင်ပြီး ပွဲတက်လေ့ရှိတဲ့ သင်ဇာကတော့ စွဲမက်ဖွယ်ကောင်းလောက်အောင် လှနေတတ်တာလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ သင်ဇာက ဇာတ်ကားတွေနဲ့ ကြော်ငြာလေးတွေအပြင် သီချင်းဗီဒီယိုလေးတွေလည်း လက်ခံရိုက်ကူးနေရတာ ဖြစ်ပါတယ်။ ဒီနေ့မှာလည်း သင်ဇာက ပန်းလှိုင်ဂေါက်ကွင်းကိုရောက်ရှိနေကြောင်း ဗီဒီယိုလေးတွေနဲ့ ဓာတ်ပုံလေးတွေရိုက်ပြီး လူမှုကွန်ယက်မှာ တင်ထားပါတယ်။

Photo Credit- Thin Zar Wint Kyaw's FB
Photo Credit- Thin Zar Wint Kyaw's FB
Photo Credit- Thin Zar Wint Kyaw's FB

သင်ဇာဝင့်ကျော်က နေရောင်အောက်မှာ ညို့အားပြင်းတဲ့အလှတွေနဲ့ ဆွဲဆောင်မှုရှိရှိပို့စ်ပေးပြီး ဓာတ်ဖမ်းခဲ့တာပဲ ဖြစ်ပါတယ်။ ဘယ်လိုနေနေချစ်ဖို့ကောင်းတဲ့ သင်ဇာကတော့ ပရိသတ်တွေကို သူမရဲ့ဗီဒီယိုလေးတွေနဲ့ အချစ်ပိုအောင်ဖမ်းစားနိုင်လိုက်တာလည်း ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး သင်ဇာဝင့်ကျော်ရဲ့ အလှပုံလေးတွေနဲ့ အမိုက်စားဗီဒီယိုဖိုင်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo & Video Credit- Thin Zar Wint Kyaw's FB 

Photo Credit- Thin Zar Wint Kyaw's FB
Photo Credit- Thin Zar Wint Kyaw's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။