ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားတဲ့ မင်းသမီးချော သက်မွန်မြင့်ကတော့ သရုပ်ဆောင်ကောင်းလွန်းတဲ့အပြင် အနေအေးပြီးရိုးရှင်းကာ ချစ်စရာကောင်းလွန်းတဲ့ သူမရဲ့ပုံရိပ်လေးတွေကြောင့်လည်း ပရိသတ်တွေက အမြဲသည်းသည်းလှုပ်လှုပ် ချစ်ခင်နေကြသူလေးပဲ ဖြစ်ပါတယ်နော်..။
ကျရာဇာတ်ရုပ်တွေကို ပီပြင်ပိုင်နိုင်လွန်းတဲ့ ချစ်သက်လေးကတော့ မကြာခင်မှာ ရုံတင်ပြသတော့မယ့် သူမရဲ့အကောင်းဆုံးရုပ်ရှင်ဇာတ်ကားတွေထဲက တစ်ကားဖြစ်တဲ့ “ချည်” ရုပ်ရှင်ဇာတ်ကားရဲ့ အထူးပြပွဲလေးမှာ ချစ်ရတဲ့ ပရိသတ်တွေရဲ့ Surprise အကြီးကြီးလုပ်တာ ခံလိုက်ရလို့ ဝမ်းနည်းဝမ်းသာနဲ့ ပျော်နေပါတယ်နော်..။
ဒီဇင်ဘာ(၂၃)ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ “ချည်” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Red Carpet Show မှာ ချစ်ရတဲ့ We Love အဖွဲ့သားတွေက ချစ်သက်ကို iPhone 11 pro နဲ့ Surprise လုပ်ခဲ့တာကြောင့် ချစ်သက်လေးကတော့ မျက်ရည်ကျကာ အတိုင်းမသိ အံ့သြဝမ်းသာသွားခဲ့တာပါ..။
အရမ်းလှတဲ့ကိတ်လေးထဲမှာ iPhone 11 pro ကိုထည့်ပြီး Surprise အကြီးကြီးလုပ်ခဲ့ကြသလို Fan တွေရဲ့စာလေးတွေကလည်း ချစ်သက်ကို ကြည်နူးစေပြီး ချစ်ရတဲ့ပရိသတ်တွေနဲ့လည်း ဓာတ်ဖမ်းရင်း ပျော်နေတဲ့ ချစ်သက်လေးရဲ့ အပြုံးမျက်နှာလေးကတော့ သူမရဲ့ အပျော်လေးတွေကို ပေါ်လွင်ကြည်နူးစေပါတယ်နော်..။
ချစ်သက်လေးကတော့ လုံးဝမျှော်လင့်မထားတဲ့ We Love တွေရဲ့ အမိုက်စား Surprise လေးကြောင့် ပျော်ရွှင်ကြည်နူး ဝမ်းသာရတဲ့ အကြောင်းလေးတွေနဲ့ Fan တွေကိုလည်း ကျေးဇူးတင်စကားလေး ဆိုထားပါသေးတယ်နော်..။
“တကယ် surprise အကြီးကြီးပါတော်! အရမ်းလန့်ပြီး တကယ် နောက်ဆုတ်ခဲ့တာပါ..
မယူချင်ဘူး မယူရက်ဘူး.. ကိုယ့်ကို ချစ်ကြ အားပေးကြတဲ့သူတွေ
သူတို့မုန့်ဖိုးလေးတွေ ကိုယ့်ရုပ်ရှင်တွက်နဲ့ အချိန်ကုန် ငွေကုန် လူပန်းနေကြပြီးသားကို..
ဒီနှစ်ကုန်ဆို ကိုယ့်ကား ဆက်တိုက် သူတို့မှာ မျိုးစုံ ဝန်းရံရတာ တအား အားနာနေပါပြီ!
ကိုယ်က ဘာမှလည်း ပြန်မလုပ်ပေးနိုင်ပဲနဲ့.. ဒါ ဒီလို တန်ဖိုးကြီးတွေ ပေးတာ နောက်ဆုံးပဲနော် ဒီတိုင်းလေး အားပေးဝန်းရံတာနဲ့တင် ဘဝ တခု ခိုင်မာနေပါပြီ.. ကျေးဇူး အထူးအထူးပါလို့..” ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာလည်း ကျေးဇူးတင်စကားလေးတွေနဲ့အတူ အပျော်လေေးတွ မျှဝေထားတာမို့ ချစ်သက်လေးရဲ့ ပျော်စရာပုံရိပ်လေးတွေကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။
Photo By Myanmarload
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။