ပရိသတ်တွေရဲ့အချစ်တွေကို ပိုင်ဆိုင်ထားကြတဲ့ တက်သစ်စ အနုပညာရှင် မျိုးဆက်သစ်လေးတွေထဲမှာ အသံချိုချိုအေးအေးလေးနဲ့ Myanmar Idol ကနေ ပြည်သူပရိသတ်တွေအားလုံးရဲ့ အသည်းတွေကို ခြွေယူထားသူလေးကတော့ အဆိုတော်မလေး အေးမြဖြူပဲ ဖြစ်ပါတယ်နော်..။

အသက်ငယ်ငယ်လေးနဲ့ မြန်မာသံစဉ်တေးသီချင်းလေးတွေအပြင် အမိုက်စားသီချင်းလေးတွေကိုပါ အကောင်းဆုံးသီဆိုနိုင်ပြီး ချစ်စရာကောင်းတဲ့ သူမရဲ့ပုံရိပ်လေးတွေကြောင့်လည်း ယောကျ်ားလေးပရိသတ်တွေအပြင် မိန်းကလေးပရိသတ်တွေပါ တခဲနက်အားပေး ချစ်ခင်ကြသူလေးဆိုလည်း မမှားပါဘူး..။


Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload

Myanmar Idol Season 4 Grand Final ကို တက်ရောက်သွားခဲ့ပြီ ဖြစ်တဲ့ ပရိသတ်တွေအချစ်တော်လေး အေးမြဖြူကတော့ ဒီကနေ့ ဒီဇင်ဘာ(၂၃)ရက်နေ့မှာပဲ မိသားစု ဆွေမျိုးတွေအပြင် ချစ်ရတဲ့ပရိသတ်တွေနဲ့ပါ တွေ့ဆုံပြီး ရွှေတိဂုံဘုရားကို သွားရောက်ဖူးမျှော် ကုသိုလ်ယူခဲ့ပါတယ်နော်..။

အဖြူရောင်မြန်မာဝတ်စုံဖက်ရှင်လေးကို ဆင်မြန်းပြီး ချစ်ရသူတွေ အားလုံးနဲ့ ဘုရားဖူးကုသိုလ်ယူရင်း ပျော်နေတဲ့ အသည်းကျော်လေး အေးမြဖြူကတော့ ပျော်ရွှင်နေပြီး ချစ်စရာ အပြုံးချိုချိုလေးတွေနဲ့လည်း ပရိသတ်တွေကို အချစ်ပိုစေပြန်ပါတယ်နော်..။


Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload

မတွေ့တာကြာပြီဖြစ်တဲ့ မိသားစု ဆွေမျိုးတွေနဲ့ တွေ့ဆုံရင်း ပျော်နေတဲ့ အေးမြဖြူလေးဟာ အခုလို ဘုရားဖူးရတာအရမ်းကို ပျော်နေပြီး မိသားစုဝင်တွေအပြင် ဆွေမျိုးတွေကိုပါ တစ်ယောက်ချင်း မိတ်ဆက်ပေးနေတာလည်း ပရိသတ်တွေ တွေ့မြင်ရမှာပါနော်..။

ဒီကနေ့လေးမှာတော့ အေးချမ်းတဲ့အလှတွေနဲ့ ချစ်စရာကောင်းစွာ ပျော်နေတဲ့ ပရိသတ်တွေရဲ့အချစ်တော်လေး အေးမြဖြူရဲ့ fan တွေ မိသားစုတွေနဲ့ ရွှေတိဂုံဘုရားသွားပြီး ဆုတောင်းမှုတွေ အလှူတွေလုပ်ခဲ့တဲ့ ပုံရိပ်လေးတွေနဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်မျှဝေပေးလိုက်တာမို့ အသည်းလေးတွေ ပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော်..။

Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload

Photo By Myanmarload

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။