ပရိသတ်ကြီးရေ အဆိုတော်စန္ဒီမြင့်လွင်ကတော့ ချစ်ရသူနဲ့နှစ်ကိုယ်တူဘဝလေးကိုတည်ဆောက်လိုက်ပြီး အခုချိန်မှာဆိုရင်တော့ သမီးလေးတစ်ယောက်ကိုတောင်မွေးဖွားပြီးသွားပါပြီနော်။စန္ဒီမြင့်လွင်ရဲ့သမီးချောလေး Treasure က ၅လအရွယ်ကိုရောက်ရှိနေပြီဖြစ်ပြီး ပါးဖောင်းဖောင်းလေးတွေနဲ့ အရမ်းချစ်စရာကောင်းလွန်းလို့ ပရိသတ်တွေကအရမ်းချစ်နေရတာဖြစ်ပါတယ်။

Photo Credit:Dee Dee's Facebook
Photo Credit:Dee Dee's Facebook
Photo Credit:Dee Dee's Facebook

မေမေဒီးဒီးကလည်း သမီးလေးကိုသေချာပြုစုစောင့်ရှောက်တာကြောင့် Treasureလေးက ကျန်းကျန်းမာမာနဲ့ ၀၀ဖြိုးဖြိုးလေးကြီးပြင်းလာပါတယ်နော်။ချစ်ခင်ပွန်းကိုသီဟလွင်ကလည်း ဇနီးနဲ့သမီးအပေါ်မှာ လိုလေသေးမရှိအောင်ဂရုစိုက်ကြင်နာပေးတဲ့ ခင်ပွန်းကောင်းဖြစ်လို့ စန္ဒီမြင့်လွင်ရဲ့ မိသားစုဘဝလေးကအရမ်းသာယာပြီး နွေးထွေးမှုအပြည့်ပါပဲနော်။

Photo Credit:Dee Dee's Facebook
Photo Credit:Dee Dee's Facebook

လက်တလောမှာဆိုရင်တော့ စန္ဒီမြင့်လွင်က ဖျော်ဖြေရေးတွေအတွက် ခရီးတွေထွက်နေရတာဖြစ်ပြီး မိသားစုကိုလည်း သူမနဲ့အတူတူခေါ်ဆောင်သွားပါတယ်နော်။အခုဆိုရင်တော့ စန္ဒီမြင့်လွင်က ချစ်ခင်ပွန်းရဲ့လက်ကိုဆွဲပြီး ကလေးလေးတစ်ယောက်လို ပွဲဈေးလျှောက်ကာ ပျော်ရွှင်နေတဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Dee Dee's Facebook
Photo Credit:Dee Dee's Facebook
Photo Credit:Dee Dee's Facebook

Photo Credit:Dee Dee's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။