ပရိသတ်တွေကို ဆယ်စုနှစ်တွေကျော်တိုင်အောင် အနုပညာတွေအလုပ်တွေကို ကြိုးစားပမ်းစားလုပ်ကိုင်နေသူကတော့ အတိုတော် စိုင်းစိုင်းခမ်းလှိုင်ပါ။ သူရဲ့တည်ကြည်ခန့်ညားတဲ့စတိုင်လေးကြောင့်လည်း နှုတ်ခမ်းနီမလေးတွေက အသည်းအသန်ဝန်းရံအားပေးနေကြတာပါ။ လတ်တလောမှာလည်း သီချင်းအသစ်တွေဖန်တီးနေတာပါ။

Photo Credit- Sai Sai Kham Leng’s Facebook
Photo Credit- Sai Sai Kham Leng’s Facebook
Photo Credit- Sai Sai Kham Leng’s Facebook

သူ့ရဲ့သီချင်းဟောင်းလေးတွေဟာလည်း ယနေ့ထိတိုင်အောင် ပရိသတ်တွေကြားမှာ ရေပန်းစားလျက်ရှိနေတာပါ။ သူဟာ ရုပ်ရှင် ဂီတနှစ်ခုလုံးမှာ အောင်မြင်ကျော်ကြားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဘယ်လိုအနုပညာအလုပ်မျိုးကိုမဆိုစေတနာအရင်းခံကာ လုပ်ကိုင်မှုတွေကြောင့် အနုပညာရှင်တိုင်းက ချီးကျူးနေရတာပါ။ 

Photo Credit- Sai Sai Kham Leng’s Facebook
Photo Credit- Sai Sai Kham Leng’s Facebook
Photo Credit- Sai Sai Kham Leng’s Facebook

အခုမှာလည်း Frenzo Artists တွေနဲ့အတူ ကျိုင်းတုံမြို့မှာသီချင်းသီဆိုရန် ရောက်ရှိနေတာပါ။ အခုတစ်ခါမှာလည်း ချစ်ရတဲ့ညီအစ်ကိုတွေနဲ့အတူ နာမည်ကြီးသီချင်းများကိုဂီတာတီးကာသီဆိုနေတဲ့ ဗီဒီယိုလေးကို စိုင်းစိုင်းရဲ့ Facebook Myday မှာတင်ထားတာဖြစ်ပြီး ပရိသတ်တွေအတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။

Source- Sai Sai Kham Leng’s And G-Fatt Facebook Myday

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။