ပရိသတ်ကြီးရေ.. ဂီတအနုပညာလောကမှာ အောင်မြင်မှုတွေအခိုင်အမာနဲ့ အမိုက်စားသီချင်းစာသားတွေကြောင့် ပရိသတ်တွေရဲ့ တခဲနက်အားပေးဝန်းရံမှုတွေကို ရရှိသိမ်းပိုက်ထားသူကတော့ အဆိုတော် G-Fatt ပါပဲနော်..။

G-Fatt ကတော့ ငယ်ငယ်က ဆရာလယ်တွင်းသားစောချစ်ရဲ့ စာပေဟောပြောပွဲကို အမှတ်မထင်နားထောင်မိရင်း ဘဝတစ်ဆစ်ချိုး ပြောင်းလဲခဲ့တဲ့ အမှတ်တရလေးတွေအကြောင်း ပရိသတ်တွေကို ပြောပြလာခဲ့ပါတယ်နော်..။


Photo Credit – G-Fatt’s Facebook
Photo Credit – Alin Yaung Photography

စာပေဟောပြောပွဲတွေ နားမထောင်ခဲ့ဖူးတဲ့ G-Fatt ဟာ သူငယ်ချင်းတစ်ယောက်နဲ့ လမ်းမှာလျှောက်သွားနေတဲ့အချိန် လူတွေအုံနေလို့ သိချင်စိတ်နဲ့ စက်ဘီလေးရပ်ပြီး သွားကြည့်တဲ့အခါ ဆရာလယ်တွင်းသားစောချစ်က စင်ပေါ်ကနေ ပြောလိုက်တဲ့ စကားလေးတစ်ခွန်းကြောင့် သူ့အတွက် အပြောင်းအလဲဖြစ်ခဲ့ရတဲ့အကြောင်း ပြောပြထားတာ ဖြစ်ပါတယ်..။

ဆရာက စင်ပေါ်ကနေ “အသည်းကွဲပြီး ဘာအလုပ်မှ မလုပ်တော့တဲ့အချိန် စာအုပ်တွေဖတ်ပြီး အသည်းကွဲတဲ့ဒဏ်တွေကို ဖြတ်သန်းခဲ့ကာ စာရေးဆရာဘဝရောက်လာတဲ့ သူ့ဘဝဇာတ်ကြောင်းလေးကို ပြောတာကို နားထောင်ရင်း စအုပ်တွေစဖတ်ဖြစ်တဲ့ အကြောင်းတွေကို G-Fatt က ပြောပြထားတာပါနော်..။


Photo Credit – Amaing Grace Photography
Photo Credit – G-Fatt’s Facebook

“ဆရာပြောလိုက်တဲ့စင်ပေါ်က စကားလေးက ကျွန်တော့အတွက် အဲ့နေ့မှာအပြောင်းအလဲပဲ စာဖတ်ရမယ် သူကအသည်းကွဲခွဲပြီး ဘာအလုပ်မှ မလုပ်တော့ပဲ ရထားကြီးမြင်လည်း လွမ်းတယ် နွားလှည်းမြင်လည်း လွမ်းတယ် လွမ်းပြီး ဘာမှမလုပ်တော့တဲ့အချိန်မှာ စာအုပ်လေးတွေက သူ့ဆီရောက်လာတယ် စာအုပ်လေးတွေဖတ်ပြီး ဒီလိုဘဝကို ဖြတ်သန်းလာခဲ့တာာပါ.. စာရေးဆရာဘဝကို ရောက်လာခဲ့တာပါ.. စာအုပ်က အဲ့လောက်တောင်စွမ်းလားဆိုပြီး သူငယ်ချင်းတွေနဲ့ ညှိနှိုင်းပြီး အနားက ဘုန်းကြီးကျောင်းမှာ မန်ဘာသွားလုပ်ပြီးတော့ စာကြည့်တိုက်မှာ စာဖတ်ဖြစ်တာ အဲ့လိုနဲ့ စာအုပ်ကို ခင်တွယ်လာတာပေါ့..” ဆိုပြီး ပြောပြထားတာပါ..။

ဆရာလယ်တွင်းသားစောချစ်ကြောင့် အပြောင်းအလဲလေးဖြစ်ခဲ့တဲ့ အမှတ်တရလေးအပြင် ငယ်ငယ်က ကျောင်းသားဘဝအမှတ်တရလေးတွေကိုပါ ပြောပြထားတဲ့ G-Fatt ရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း ချစ်ပရိသတ်တွေအတွက် တင်ဆက်မျှဝေပေးလိုက်ပါတယ်နော်..။

Photo Credit – G-Fatt’s Facebook
Photo Credit – G-Fatt’s Facebook

Photo Credit – G-Fatt’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။