ပရိသတ်ကြီးရေ မင်းသမီးချောလေးပိုးအိအိခန့်ကတော့ ဘောလုံးအားကစားသမားအောင်သူနဲ့ နှစ်ကိုယ်တူဘဝလေးကိုတည်ဆောက်လိုက်ပြီး အခုဆိုရင် သားချောလေးတစ်ယောက်ကိုတောင်မွေးဖွားထားပြီးပါပြီနော်။ပိုးအိအိခန့်တို့ဇနီးမောင်နှံနှစ်ယောက်က သားလေးရဲ့ရှေ့ရေးအတွက်ကြိုးစားနေကြပြီး သားလေးကိုလည်းသေချာဂရုစိုက်ပြီးပြုစုပျိုးထောင်ပေးနေကြတာဖြစ်ပါတယ်။

Photo Credit:Poe Ei Ei Khant's Facebook
Photo Credit:Poe Ei Ei Khant's Facebook
Photo Credit:Poe Ei Ei Khant's Facebook

ပိုးအိအိခန့်ကလည်း အနုပညာအလုပ်တွေကိုရပ်နားထားပြီး သားလေး၂နှစ်ကျော်အရွယ်ကိုရောက်တော့မှ အနုပညာအလုပ်တွေကိုပြန်လုပ်ဖို့အတွက် စီစဉ်ထားတာဖြစ်ပါတယ်။လသားအရွယ်လေးမှာတော့ သားလေးကိုသေချာဂရုစိုက်ပေးပြီး အနီးကပ်နေပေးနေတာဖြစ်ပါတယ်။ဖေဖေအောင်သူကလည်း အားလပ်တဲ့အချိန်တိုင်းမှာ သားလေးနဲ့အတူတူကစားပေးပြီး ပျော်ရွှင်နေတာဖြစ်ပါတယ်။

Photo Credit:Poe Ei Ei Khant's Facebook
Photo Credit:Poe Ei Ei Khant's Facebook

အခုဆိုရင်တော့ ကိုကိုးလေးက တစ်နေ့တစ်ခြားပိုပိုချစ်ဖို့ကောင်းလာတာဖြစ်ပြီး ဒီနေ့လေးဟာဆိုရင် ကိုကိုးလေးရဲ့၅လပြည့်မွေးနေ့လေးပဲဖြစ်ပါတယ်။မေမေပိုးအိအိခန့်ကတော့"Happy Birthday ပါ မေ့သဲတုံးလေးရေ မေမေ့သဲကိုးလေး ဒီနေ့၅လပြည့်ပါပြီ"ဆိုပြီး သားအမိနှစ်ယောက်အရမ်းချစ်ဖို့ကောင်းနေတဲ့ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Poe Ei Ei Khant's Facebook
Photo Credit:Poe Ei Ei Khant's Facebook
Photo Credit:Poe Ei Ei Khant's Facebook

Photo Credit:Poe Ei Ei Khant's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။