အမိုက်စားအသံပါဝါကောင်းကောင်း တေးသီချင်းကောင်းတွေနဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ဆယ်စုနှစ်တွေကတည်းက အခိုင်အမာရရှိထားကြတဲ့ အနုပညာရှင်တွေထဲမှာ အဆိုတော် တင်ဇာမော်ကလည်း အပါအဝင်ပါပဲ..။
သူမရဲ့တစ်ခေတ်တစ်ခါက သီချင်းတွေကလည်း ပရိတ်သတ်တွေကြားမှာ ယနေ့ထက်တိုင်ရေပန်းစားနေဆဲဖြစ်တဲ့ တင်ဇာမော်ကတော့ Myanmar Idol အစီအစဉ်မှာလည်း ဒိုင်တစ်ယောက်အဖြစ် ပါဝင်လုပ်ဆောင်နေပြီး ဒိုင်တွေလည်း ပရိသတ်တွေနဲ့အတူ ရင်ခုန်နေရတဲ့အကြောင်းလေးကို ပြောပြလာပါတယ်..။


ပြိုင်ပွဲဝင်တွေဘယ်သီချင်းဆိုမယ် ဘယ်သီချင်းနဲ့ပြိုင်မယ်ဆိုတာတောင် မသိရသလို ဘယ်သူပြုတ်မယ်လည်း မသိရဘဲ သူတို့ဘာတွေ ကြိုးစားထားကြလဲဆိုတာ ပြိုင်ပွဲနေ့ကျမှ ပရိသတ်တွေနဲ့အတူ တစ်သားတည်း မြင်ရကြားရတာ ဘာမှကြိုမသိရဘူး မသိရဘူးဆိုပြီး ပြောပြထားတာပါ..။
ဘာမှကြိုမသိရတဲ့အတွက် ကိုယ်တောင် ပြန်ရင်ခုန်ပြီး ပြန်ပြီးခန့်မှန်းနေရတာ ဒိုင်တွေအချင်းချင်းခေါင်းပူးနေတယ်ဆိုတာ ပရိသတ်တွေခန့်မှန်းသလိုပဲ သူမတို့ကလည်း ခန့်မှန်းတာ ဆိုပြီးတော့ ပြောပြထားတာ ဖြစ်ပါတယ်..။


“Idol ကတော့ အမြဲအသံထွက်ပါတယ် ပရိသတ်ကြားထဲမှာ အမြဲတမ်းလှုပ်လှုပ်ရှားရှားဖြစ်တယ် ဒါလည်းအောင်မြင်မှုပါပဲ ပရိသတ်ဆိုတာ စိတ်ဝင်စားမှဖြစ်မှာပါ ပြောသံမကြားရတော့ဘူးဆိုရင် ဒီအလုပ်တစ်ခုမှာ စိုးရိမ်ရတယ် အလုပ်တစ်ခုကို စီစဉ်တင်ဆက်ပြီဆိုတာနဲ့ အဲ့ဒီအလုပ်အကြောင်းကို ဘေးကနေ ကောင်းသည်ဆိုးသည်နဲ့ ပြောနေတယ်ဆိုရင် ကိုယ့်ရဲ့အလုပ်က အများစိတ်ဝင်စားခြင်းကို ခံရတယ်လို့ပဲဖြစ်တာကြောင့် ပိုပြီးဂရုစိုက်ရမယ် ပိုပြီးကြိုးစားရမယ် ဒီထက့်ပိုပြီးအောင်မြင်အောင် လုပ်ရမယ်..” ဆိုပြီးတော့လည်း ပြောပြထားပါသေးတယ်..။
ဒီကနေ့လေးမှာတော့ Myanmar Idol အကြောင်း ပြောပြထားတဲ့ ပရိသတ်တွေရဲ့အချစ်တော် အဆိုတော်တင်ဇာမော်ရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။


Photo Credit - Tin Zar Maw’s Facebook
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။