ပရိသတ်အချစ်တော် ကလေးလေးတွေထဲမှာတော့ သရုပ်ဆောင် ပိုးအိအိခန့်နဲ့ ဘောလုံးသမားအောင်သူတို့ရဲ့သားလေးကလည်း တစ်ယောက်အပါအဝင် ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့သားလေးက ပါးဖောင်းဖောင်းကစ်ကစ်ကစ်လေးတွေနဲ့ အရမ်းကိုအသည်းယားစရာကောင်းလွန်းတဲ့ ကလေးလေးပဲ ဖြစ်ပါတယ်။ ပိုးအိအိခန့်က သူတို့ရဲ့သားဦးလေးကို သွင်ဦးဟန် (ခေါ်) ကိုကိုးလေးလို့ ချစ်စနိုးနဲ့နာမည်လေးပေးထားတာ ဖြစ်ပါတယ်။

Photo Credit-Poe Ei Ei Khant's FB
Photo Credit-Poe Ei Ei Khant's FB
Photo Credit-Poe Ei Ei Khant's FB

ကိုကိုးလေးကတော့ ဖေဖေအောင်သူအတွက် အမောပြေလေးဖြစ်သလို မေမေပိုးအိအိခန့်အတွက်လည်း အသည်းကျော်လေး ဖြစ်ပါတယ်။ ပိုးအိအိခန့်ကလည်း ကိုကိုးလေးကိုချစ်တဲ့ ပရိသတ်တွေအတွက် သားလေးရဲ့လှုပ်ရှားမှုလေးတွေကို အမြဲတင်ပေးလေ့ရှိတာ ဖြစ်ပါတယ်။ အခုလည်း မေမေပိုးအိအိခန့်က သူ့နာမည်လေးထိုးထားတဲ့ ဘောလုံးအင်္ကျီလေးကိုဝတ်ပြီး ချစ်ဖို့ကောင်းနေတဲ့သားလေးရဲ့ပုံလေးတွေကို တင်ပေးထားပါတယ်။

Photo Credit-Poe Ei Ei Khant's FB
Photo Credit-Poe Ei Ei Khant's FB
Photo Credit-Poe Ei Ei Khant's FB

ပိုးအိအိခန့်က “AT9 အားကစားပစ္စည်းဆိုင်”မှာ သားသားလို အင်္ကျီဆိုဒ်လေးနဲ့ နာမည်လေးရိုက်ပေးလို့ရပါပီတဲ့ သူ့နာမည်နဲ့အင်္ကျီလေး ဝတ်နေရလို့ ပီတိတွေ ဖြာနေတဲ့ ရုပ်ကလေး " ဆိုပြီး သားလေးရဲ့ပုံလေးတွေကို မျှဝေလိုက်တာဖြစ်ပါတယ်။ ဒီပုံလေးတွေမှာတော့ ပရိသတ်အချစ်တော် ကိုကိုးလေးတစ်ယောက် ဘောလုံးအင်္ကျီလေးဝတ်ပြီး စတိုင်ကျလို့နေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ပိုးအိအိခန့်ရဲ့သား ကိုကိုးလေးရဲ့ချစ်စဖွယ်ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Poe Ei Ei Khant's FB 

Photo Credit-Poe Ei Ei Khant's FB
Photo Credit-Poe Ei Ei Khant's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။