မင်းသမီးချောလေး ဖြူဖြူထွေးကတော့ တစ်နေ့ထက်တစ်နေ့ ပိုပိုပြီးလှသွေးကြွယ်လာတာကို ပရိသတ်တွေမြင်တွေ့ကြမယ်ထင်ပါတယ်။ တက္ကသိုလ်ကျောင်းသူဘဝကတည်းက လူမှုကွန်ယက်ပေါ်မှာ ရေပန်းစားအောင်မြင်ခဲ့တဲ့ ဖြူဖြူထွေးက အခုဆိုရင် သရုပ်ဆောင်တစ်ဦးအဖြစ် အောင်မြင်စွာရပ်တည်နေပြီ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ဖြူဖြူထွေးနဲ့အတူ သူမရဲ့ဟာသဗီဒီယိုလေးတွေကို နှစ်ခြိုက်အားပေးကြတာ ဖြစ်ပါတယ်။

Photo Credit-Phyu Phyu Htwe's FB
Photo Credit-Amazing Grace

ဖြူဖြူထွေးက လက်ရှိမှာ ကြော်ငြာ၊ သီချင်းဗီဒီယိုတွေအပြင် ရုပ်ရှင်ဇာတ်ကားတွေပါ လက်ခံရိုက်ကူးနေရတာဖြစ်ပါတယ်။ နေ့တိုင်းလိုလို ရှုတင်တွေနဲ့ မအားမလပ်ဖြစ်နေတဲ့ ဖြူဖြူထွေးက ပရိသတ်တွေအတွက် အလွမ်းပြေဗီဒီယိုလေးတွေကိုလည်း အမြဲတင်ပေးနေတာဖြစ်ပါတယ်။ အခုလည်း ဖြူဖြူထွေးက GYM ကစားရင်း ကြော်ငြာရိုက်ကူးရေးပြုလုပ်နေတဲ့ သူမရဲ့ဗီဒီယိုဖိုင်လေးကို မျှဝေပေးထားပါတယ်။

Photo Credit-Phyu Phyu Htwe's FB
Photo Credit-Phyu Phyu Htwe's FB
Photo Credit-Phyu Phyu Htwe's FB

ဒီဗီဒီယိုလေးမှာတော့ ဖြူဖြူထွေးတစ်ယောက် ချပ်လျပ်လှပတဲ့ဝတ်စုံလေးကိုဝတ်ဆင်ပြီး တက်တက်ကြွကြွနဲ့ လေ့ကျင့်ခန်းတွေ ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။ ပိန်ပိန်သွယ်သွယ် Body လေးနဲ့ မျက်နှာလေးကလည်း ချစ်ဖို့ကောင်းတဲ့ ဖြူဖြူထွေးကတော့ ပရိသတ်တွေကြွေမယ်ဆိုရင်လည်း ကြွေနိုင်လောက်တာဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ဖြူဖြူထွေးရဲ့ အမိုက်စားဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo & Video Credit-Phyu Phyu Htwe's FB 

Photo Credit-Phyu Phyu Htwe's FB
Photo Credit-Phyu Phyu Htwe's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။