ပရိသတ်တွေက အရိပ်တကြည့်ကြည့်နဲ့ ချစ်နေရသူလေးကတော့ Beauty blogger သရုပ်ဆောင် မင်းသမီးချောလေး နေခြည်ဦးပါ။ သူမဟာ Beauty blogger လောကမှအနုပညာလောကကို ကူးပြောင်းခဲ့တာဖြစ်သော်လည်း အချိန်တိုအတွင်းမှာပဲ ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုတွေကို ရရှိထားတာပါ။ ၂၀၁၉ ခုနှစ်မှာလည်း သူမရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားအများအပြားလည်း ရုံတင်ပြခဲ့တာပါ။



မကြာခင်မှာလည်း သူမပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားသစ်တွေ ရုံတင်ဖို့ရှိနေပါသေးတယ်။ ချီဟာ လတ်တလောမှာလည်း အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ဆောင်နေတာပါ။ မနေ့ညကလည်း Dancing With The Stars အကပြိုင်ပွဲကြီးမှာ Rexona ရဲ့ Brand Ambassador အနေနဲ့ပါဝင် တက်ရောက်ခဲ့တာပါ။



ဒီပွဲလေးမှာ ချီချီဟာ ဧည့်သည်အနေနဲ့ အမိုက်စားကကွက်လေးတွေ ကပြဖျော်ဖြေခဲ့တာပါ။ သူမရဲ့ပရိသတ်တွေကလည်း ချီချီရဲ့ကတာလေးတွေကြည့်ပြီး ချီးကျုးနေကြတာပါ။ အခုတစ်ခါမှာလည်းDancing with the stars မှာ အမိုက်စားဖက်ရှင်လေးနဲ့ ပါဝင်ခဲ့တဲ့ နေခြည်ဦးရဲ့ Video လေး
ကို တင်ထားတာပါ။ ပရိသတ်တွေအတွက် ချီချီရဲ့ Video လေးကို တင်ဆက်ပေးလိုက်ပါတယ်။
Source and Photo Credit - Nay Chi Oo Official's Instgram Stories
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။