ပရိသတ်ကြီးရေ.. အဆိုတော်ဂေဂေးနဲ့ ၂၀၁၉ ခုနှစ်ရဲ့ Miss Universe Myanmar တစ်ဦးဖြစ်တဲ့ အလှမယ်ဆွေဇင်ထက်တို့ကတော့ ချစ်သူတွေဖြစ်တဲ့အကြောင်း ဖွင့်ဟဝန်ခံပြီး ပရိသတ်တွေကို အသိပေးပြောပြခဲ့ပါတယ်နော်..။
ဝေဖန်မှုတွေရှိပေမယ့် လက်ခံကြိုဆိုကြတဲ့ပရိသတ်တွေလည်း ရှိကြပြီး တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်နားလည်မှုလေးတွေနဲ့ (၃)နှစ်ကျော်တွဲလာတဲ့ သူမတို့ရဲ့အချစ်ရေးအကြောင်းကိုလည်း ဂေဂေးက ပရိသတ်တွေကို ပြောပြထားပါတယ်..။
ပွဲတစ်ခုမှာစတွေ့ခဲ့ကြပြီး တစ်ယောက်ကိုတစ်ယောက် သတိထားမိကာ နှစ်ယောက်စလုံးက တွေ့တွေ့ချင်း စိတ်ဝင်စားခဲ့ကြတာမို့ အရမ်းကြီးပြောနေစရာ မလိုပဲ အဆင်ပြေသွားကြသလို တစ်ယောက်ကို တစ်ယောက် အပြန်အလှန်နားလည်မှုပေးကြလို့ (၃)နှစ်ဆိုတဲ့ ကာလတစ်ခုကို ရောက်လာခဲ့ကြပြီး စပြီးတွဲကတည်းနှစ်ယောက်ကြားမှာ အရမ်းကြီး စိတ်ပူစရာကိစ္စတွေ မရှိခဲ့တဲ့အကြောင်းလေးတွေကို ပြောပြထားတာပါ..။
“ဝေဖန်မှုတွေနဲ့ လှောင်ပြီးပယ်လိုက်မှာကို ကြောက်ပေမယ့် ဖွင့်ပြောလိုက်တော့လည်း စိတ်ပေါ့ပါးသွားပြီး ဝေဖန်တဲ့ပရိသတ်တွေရှိပေမယ့် တချို့ပရိသတ်တွေကလည်း ကြိုဆိုကြတယ် LGBT အသိုင်းအဝိုင်းကလည်း အရမ်းကို ကျေနပ်ကြတယ် နိုင်ငံခြားက ပေ့ချ်တစ်ခုမှာလည်း ကြိုဆိုကြတာတွေ ရှိတယ်..” ဆိုပြီးတော့ ပြောပြထားတာ ဖြစ်ပါတယ်..။
သူမတို့ ချစ်သူနှစ်ဦးကြားက အမှတ်တရလေးတွေကိုလည်း ပြောပြထာပြီး အနုပညာအလုပ်တွေကိုလည်း တစ်ယောက်နဲ့တစ်ယောက် အကြံပေးဖြစ်ကာ နှစ်ဖက်မိဘတွေကလည်း လက်ခံနားလည်ပေးကြလို့ ကံကောင်းဆိုပြီး ပြောပြထားပါသေးတယ်..။
ဒီကနေ့လေးမှာတော့ ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်းပြောပြထားတဲ့ ဂေဂေးနဲ့ ဆွေဇင်ထက်တို့ရဲ့ အချစ်ရေး အင်တာဗျူးလေးကိုလည်း အားလုံးအတွက် တင်ဆက်ပေးလိုက်တာမို့ အားပေးစကားလေးတွေ ပြောပေးသွားပါဦးနော်..။
Photo Credit – Gae Gae’s Facebook
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။