ပရိသတ်ကြီးရေ ဒီတစ်ပါတ်မှာတော့ ကမ္ဘာမှာရှိတဲ့ ထူးခြားအံ့သြဖွယ် ကြောက်မယ်ဖွယ်ကောင်းသော နေရာတွေထဲကမှ "Irtysh river"နဲ့ "ဖိလစ်ပိုင် သင်္ချိုင်း Sagada" အကြောင်းကို ပုံရိပ်တွေနဲ့တကွ ရေးသားဖော်ပြပေးသွားမှာဖြစ်ပါတယ်။ အနုပညာရှင်သတင်း၊ အားကစားသတင်း၊ ဗဟုသုတ သတင်းစုံလင်ကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်ုပ်တို့ Myanmarload pageကို အမြဲ update ဖြစ်ရအောင် like and follow လုပ်ထားဖို့ မမေ့ပါနဲ့ဦးနော်။

ရေတွေ ခဲလောက်အောင် အေးချမ်းပြီး သွားရောက်လည်ပတ်သူ ကမ္ဘာလှည့်ခရီးသည်တွေ အများအပြားရှိတဲ့ ရုရှားနိုင်ငံကို သိကြမှာပါနော်။ ထိုနိုင်ငံက စက်မှုနည်းပညာ ဖွံ့ဖြိုးတိုးတက်ပြီး၊ နိုင်ငံခြားပညာတော်သင် သွားရောက်တဲ့ သူတွေလည်းရှိကြပါတယ်။ အဲ့လိုနိုင်ငံမျိုးမှာ လည်ပတ်ချင်စရာ နေရာများ အမြောက်အများရှိပြီး ထိပ်လန့်ခြောက်ခြားဖွယ် ကောင်းတဲ့ နေရာတွေလည်း ဖြစ်ပေါ်ခဲ့တာမလို့ လူအများရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့တာပါ။ ထိုနေရာလေးကတော့ "Irtysh River"လို့အမည်ရပြီး ရာသီဥတု အရမ်းအေးတာမလို့ ရေခဲပြင်ဖြစ်ခဲ့တာဖြစ်ပါတယ်။ ရိုးရိုးတန်းတန်း မဟုတ်ပဲ မကောင်းဆိုးဝါးပုံ ပေါက်ခဲ့တာကြောင့် မြင်တဲ့သူအားလုံး တအံ့တသြ ဖြစ်ခဲ့ကြရတာပါနော်။

ဖိလစ်ပိုင်နိုင်ငံမှာရှိတဲ့ "Sagada" သင်္ချိုင်းဟာလည်း ကျောချမ်းဖွယ် ကောင်းလောက်အောင် ခြောက်ခြားစရာ နေရာကြီးအဖြစ် လူသိများကျော်ကြားတာပါ။ သေသူတွေရဲ့ အုတ်ဂူထဲကို sagada တောင်ကြီးရဲ့ နံရံတွေမှာ ချိတ်ဆွဲထားတာဖြစ်ပါတယ်။ ဘယ်လိုများ ချိတ်ဆွဲခဲ့တာလည်းဆိုတာက လူတွေရဲ့ စိတ်ဝင်စားမှုကို ဖြစ်စေပြီး အဲ့နေရာကို ရောက်သွားရင် အလိုလို ကြောက်စိတ်တွေ ဝင်လာတာတဲ့နော်။ ပြီးတော့ အုတ်ဂူတွေကို ဘာလို့ အဲ့လို ချိတ်ဆွဲလေ့ရှိတာလည်းဆိုတာကတော့ သေဆုံးသွားတဲ့ အဖေ၊ အမေ၊ အဖိုး၊ အဖွားတွေနဲ့ နီးစပ်အောင်နှင့် ရုပ် အလောင်းတွေ မပျက်စီးအောင် လုပ်ထားတာမလို့ဖြစ်ပါတယ်။ နောင်လည်း စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာတွေကို ဖော်ပြပေးသွားမှာမလို့ ဆက်လက်အားပေး ဖတ်ရှုကြပါနော်။
Source Once A Glance Page
Photo credit pngtree

သတင်း ယူရေးခွင့်ပေးတဲ့ "သံ ဇဉ် မိုးဇတ်"ကို ကျေးဇူးတင်ရှိပါတယ်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။