ဆိုင်းမိုင်ဆိုပြီး ပရိသတ်တွေကချစ်စနိုးနဲ့ခေါ်ဝေါ်ကြတဲ့ ပိုးကြာဖြူခင်ကတော့ " မိုးကောင်းကင်အိပ်မက်" ဇာတ်လမ်းတွဲလေးနဲ့ အရမ်းကိုအောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ ပိုးကြာဖြူခင်က ရိုးရိုးရှင်းရှင်းလေးနဲ့ အားလုံးငေးကြည့်ရလောက်တဲ့အလှတရားတွေကိုပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းတွဲလေးတွေ အများဆုံးရိုက်ကူးလာခဲ့တဲ့ ပိုးကြာဖြူခင်ကတော့ မသိသူမရှိလောက်အောင် အောင်မြင်နေတာ ဖြစ်ပါတယ်။

Photo Credit-Poe Kyar Phyu Khin's FB
Photo Credit-Poe Kyar Phyu Khin's FB

ပရိသတ်တွေချစ်ရတဲ့ ပိုးကြာဖြူခင်ကတော့ ပြီးခဲ့တဲ့ဒီဇင်ဘာလ (၃) ရက်နေ့မှာပဲ အသက် (၂၇)နှစ်တိတိပြည့်သွားခဲ့တာ ဖြစ်ပါတယ်။ ဒီနှစ်မွေးနေ့လေးမှာတော့ ပိုးက အလှူအတန်းတွေပြုလုပ်ခဲ့သလို ချစ်ရသူတွေနဲ့အတူ Birthday Party ပွဲလေးကိုလည်း ကျင်းပပြုလုပ်ခဲ့ပါတယ်။ မွေးနေ့လက်ဆောင်တွေ အများကြီးရရှိခဲ့တဲ့ ပိုးကြာဖြူခင်က အခုလည်း ဒီနှစ်မှာရရှိခဲ့တဲ့အဖိုးတန်လက်ဆောင်လေးတွေကို ထုတ်ပြထားပါတယ်။

Photo Credit-Poe Kyar Phyu Khin's FB
Photo Credit-Poe Kyar Phyu Khin's FB
Photo Credit-Poe Kyar Phyu Khin's FB

ပိုးကြာဖြူခင်က " ဒီနှစ်ရတဲ့ မွေးနေ့လက်ဆောင်တွေအများကြီးထဲကမှ တန်ဖိုးရှိတဲ့လော့ကဒ်ဆွဲသီးလေးတွေ အခု ရှုတင်သွားနေလို့ ပြန်ရောက်မှ ပဲ လက်ဆောင်လေး တွေ အားလုံး တစ်ခုချင်းဆီ စုပြီးတင်တော့မယ် " ဆိုပြီး ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မွေးနေ့မှာ တန်ဖိုးကြီးလက်ဆောင်တွေရရှိခဲ့တဲ့ ပိုးကြာဖြူခင်ရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝပေးလိုက်ပါတယ်နော်။

Photo Credit-Poe Kyar Phyu Khin's FB 

Photo Credit-Poe Kyar Phyu Khin's FB
Photo Credit-Poe Kyar Phyu Khin's FB
Photo Credit-Poe Kyar Phyu Khin's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။