အမိုက်စားတေးသီချင်းကောင်းတွေအပြင် သရုပ်ဆောင်ကောင်းမှုတွေကြောင့် ပရိသတ်တွေရဲ့ တခံနက်အားပေးဝန်းရံမှုတွေကို အပြည့်အဝရရှိထားကြတဲ့ ပြည်သူ့အချစ်တော် အနုပညာရှင်ကတော့ ရွှေထူးပဲဖြစ်ပါတယ်နော်..။
အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦးအဖြစ် အနုပညာလမ်းကြောင်းမှာ လျှောက်လှမ်းနေသလို ချစ်ဇနီးချောလေး ရွှေမှုံရတီနဲ့အတူ ရိုမန်တစ်ဆန်ပြီး ကြည်နူးအားကျစရာ အိမ်ထောင်ရေးလေးကိုလည်း ပိုင်ဆိုင်ဖြတ်သန်းနေသူပါနော်..။


ပရိသတ်အချိန်တော် ရွှေထူးကတော့ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေပြီး အခမ်းအနားပွဲတော်တော်များများကို တက်ရောက်ဖြစ်နေသလို ပြီးခဲ့တဲ့ ရက်ပိုင်းက ပြုလုပ်ကျင်းပခဲ့တဲ့ Road To Lengends ပွဲအခမ်းအနားကိုလည်း တက်ရောက်ခဲ့ပါတယ်..။
ရွှေထူးကတော့ လူပျိုဘဝက ဂိမ်းဆော့ခဲ့တဲ့ အမှတ်တရလေးတွေနဲ့ အိမ်ထောင်ကျပြီးနောက်ပိုင်း မိန်းမလစ်တဲ့အချိန်လေး ဂိမ်းဆော့တဲ့ အကြောင်းလေးတွေကို အရွှန်းဖောက်ပြီး ပြောပြလာပါတယ်နော်…။


Mobile Legend ဂိမ်းကို အရမ်းကြီးတော့ မဆော့ဖြစ်ပေမယ့် အလုပ်အားတဲ့ အချိန်လေးနဲ့ မိန်းမလစ်တဲ့ အချိန်လေး ဆော့ဖြစ်ပြီး သူ့ရဲ့အကြိုက်ဆုံးက Zilong ပါဆိုပြီး ရယ်မောကာ အရွှန်းဖောက် ပြောပြထားသလို ချစ်ဇနီးလေးကတော့ “မိန်းမိန်းက ဂိမ်းမဆော့ဘူး ဂိမ်းမကြိုက်ဘူး..” ဆိုပြီးတော့လည်း ပြောပြထားပါသေးတယ်..။
လူပျိုဘဝက နေ့ညမှားပြီး သူငယ်ချင်းတွေနဲ့ ဂိမ်းဆော့ခဲ့ကြတဲ့ အခက်အခဲတွေနဲ့ ပျော်စရာ အမှတ်တရလေးတွေကိုလည်း အရမ်းသတိရမိတဲ့အကြောင်းလေးနဲ့ အိမ်ထောင်ကျပြီးနောက်ပိုင်း ဂိမ်းသိပ်မဆော့ဖြစ်တော့တဲ့ အကြောင်းလေးတွေကို ပြောပြထားတဲ့ ရွှေထူးရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။


Photo Credit - Htoo Khant’s Facebook
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။