ရယ်စရာဟာသလေးတွေနဲ့ ပရိသတ်တွေရဲ့အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားတဲ့ ဟာသ သရုပ်ဆောင်ကစ်ကစ်ကတော့ ပြီးခဲ့တဲ့ နိုဝင်ဘာ(၂၆)ရက်နေ့ (၁၀း၄၀)အချိန်မှာ ကွယ်လွန်သွားတာမို့ ဒီကနေ့နဲ့ဆို (၃)ရက်ပြည့်သွားခဲ့ပြီ ဖြစ်ပါတယ်နော်..။
ကစ်ကစ်ရဲ့ နောက်ဆုံးဈာပနလေးကိုတော့ ဒီကနေ့ နိုဝင်ဘာ(၂၈)ရက်နေ့လေးမှာ ရေဝေးဿာန်မှာ မီးသဂြိုလ်ကာ ဈာပနအခမ်းအနားလေးကို ကျင်းပပြုလုပ်ခဲ့ကြပြီး မိသားစုတွေအပြင် အနုပညာရှင်တော်တော်များများ လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်..။
ကစ်ကစ်ရဲ့ တစ်ဦးတည်းသော သမီးလေးဇွန်ပွင့်ကတော့ မိခင်ဖြစ်သူရဲ့ နောက်ဆုံးဈာပနလေးမစတင်ခင် ဓာတ်ပုံလေးကြည့်ပြီး ပူဆွေးသောကတွေနဲ့ ဖြေမဆည်နိုင်အောင် ဝမ်းနည်းစွာ ငိုနေတာကို စိတ်မကောင်းစွာ မြင်တွေ့ရမှာပါနော်..။
ကစ်ကစ်ရဲ့ နောက်ဆုံးအချိန်လေးဖြစ်တဲ့ ဈာပနအခမ်းအနားလေးမှာ ကွယ်လွန်ဆုံးပါးသွားတဲ့ မိခင်ဖြစ်သူအတွက် ဝမ်းနည်းပူဆွေးနေတဲ့ သမီးလေးဇွန်ပွင့်ရဲ့ ပုံရိပ်လေးတွေကတော့ မြင်သူပရိသတ်တွေတိုင်းကို စိတ်မကောင်းဖြစ်စေမှာ အမှန်ပါပဲနော်..။
သရုပ်ဆောင်ကစ်ကစ်ရဲ့ ရက်လည်ဆွမ်းကျွေးအလှူကိုတော့ လာမယ့် ဒီဇင်ဘာ(၂)ရက်နေ့ဖြစ်တဲ့ (၂.၁၂.၂၀၁၉) ရက်နေ့မှာတော့ နေအိမ်မှာ မနက်(၇)နာရီကနေ (၁၀)နာရီအထိ တရားနာအလှူလေး ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်နော်..။
ဒီကနေ့လေးမှာတော့ မိခင်ဖြစ်သူအတွက် ဝမ်းနည်းပူဆွေးစွာ ငိုနေတဲ့ ကစ်ကစ်ရဲ့ သမီးလေး ဇွန်ပွင့်ရဲ့ စိတ်မကောင်းစရာ ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတွက် မျှေ၀ တင်ဆက်ပေးလိုက်ပါတယ်နော်..။
Photo By Myanmarload
Photo Credit - Khin Thazin's Facebook
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။