မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ကတော့ ထိပ်တန်းမင်းသမီးတစ်လက်အဖြစ် အနုပညာလောကမှာ လျှမ်းလျှမ်းတောက်အောင်မြင်နေတာ ဖြစ်ပါတယ်။ ပိန်ပိန်သွယ်သွယ် Body လေးနဲ့ ချပ်လျပ်လှပလွန်းတဲ့ ကစ်လေးက ပရိသတ်တွေအတွက်တော့ အသည်းကျော်လေးဖြစ်လို့နေတာ ဖြစ်ပါတယ်။ သရုပ်ဆောင်လည်းကောင်း အရည်အချင်းလည်းရှိတဲ့ ကစ်လေးကို တစ်နိုင်ငံလုံးမှာရှိတဲ့ပရိသတ်တွေက အားပေးဝန်းရံနေကြတာပဲ ဖြစ်ပါတယ်။

Photo Credit- Wutt Hmone Shwe Yi's FB
Photo Credit- Wutt Hmone Shwe Yi's FB
Photo Credit- Haw

ရွှေကစ်လေးက ကြော်ငြာ၊ သီချင်းဗီဒီယိုတွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေရိုက်ကူးပြီး အနုပညာအလုပ်တွေကို မနားတမ်းလုပ်ကိုင်နေရတာပဲ ဖြစ်ပါတယ်။ အခုလည်း ရွှေကစ်လေးက ငပလီကမ်းခြေကို ရိုက်ကူးရေးတစ်ခုအတွက် ရောက်ရှိနေကြောင်း ဗီဒီယိုလေးရိုက်ကာတင်ပေးထားပါတယ်။ ဒါ့အပြင် ရွှေကစ်လေးက " နင်ငါ့ကိုမချစ်ဘူး မင်းအသစ်တွေ့တဲ့အခါမေ့ပစ်လိုက်စမ်းပါ " ဆိုပြီးလည်း ကမ်းခြေမှာတစ်ယောက်တည်းရပ်နေတဲ့ ပုံလေးကိုလည်း တင်ထားပါတယ်။

Photo Credit- Wutt Hmone Shwe Yi's FB
Photo Credit- Wutt Hmone Shwe Yi's IG
Photo Credit- Wutt Hmone Shwe Yi's FB

ရွှေကစ်တင်ထားတဲ့ စာသားလေးကတော့ အဆိုတော် Ar T ရဲ့ " နင်ငါ့ကိုမချစ်ဘူး " ဆိုတဲ့သီချင်းလေးထဲက စာသားလေးတွေပဲ ဖြစ်ပါတယ်။ ရွှေကစ်လေးကတော့ အဆိုတော် Ar T ရဲ့ " နင်ငါ့ကိုမချစ်ဘူး " သီချင်းဗီဒီယိုလေးအတွက် ရိုက်ကူးရေးပြုလုပ်နေတာဖြစ်ပြီး မကြာခင်မှာပရိသတ်တွေအတွက် အသစ်အဆန်းလေးတွေကို ယူဆောင်လာပေးမှာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ရွှေကစ်လေးရဲ့ဗီဒီယိုဖိုင်လေးကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo & Video Credit- Wutt Hmone Shwe Yi's FB & IG 

Photo Credit- Wutt Hmone Shwe Yi's IG
Photo Credit- Wutt Hmone Shwe Yi's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။