ပရိသတ်ကြီးရေ အကယ်ဒမီခိုင်သင်းကြည်ရဲ့ သမီးချောလေးဖြစ်တဲ့ စံထိပ်ထားဦးကတော့ အနုပညာအလုပ်တွေကိုတတ်နိုင်သလောက်သာလုပ်ဆောင်နေပြီး ပညာရေးကိုသာအလေးပေးကြိုးစားနေတာဖြစ်ပါတယ်။ထိပ်ထိပ်လေးက မေမေနဲ့အတူတူကြော်ငြာတွေရိုက်ကူးဖူးပြီး ပွဲအခမ်းအနားတွေလည်းတက်ရောက်နေတာဖြစ်လို့ ပရိသတ်တွေနဲ့မစိမ်းတဲ့သူတစ်ယောက်ပါနော်။
ထိပ်ထိပ်လေးကတော့ ချစ်မွှေးလေးပါပြီး စိတ်ထားလေးလည်းဖြူစင်တာကြောင့် လူချစ်လူခင်ကတော့အရမ်းပေါပါတယ်နော်။မိဘစကားလည်းနားထောင်ပြီး လိမ္မာသိတတ်လို့ ခိုင်သင်းကြည်တို့ဇနီးမောင်နှံက သမီးကောင်းရတနာလေးကို ရရှိထားတာဖြစ်ပါတယ်။နိုဝင်ဘာ၂၆ရက်နေ့လေးမှာဆိုရင် ထိပ်ထိပ်လေးက အသက်၁၇နှစ်တိတိပြည့်သွားတာဖြစ်ပါတယ်။
ခိုင်သင်းကြည်တို့ဇနီးမောင်နှံနှစ်ယောက်ကတော့ သမီးလေးရဲ့မွေးနေ့ကို ညကြီးSupriseလုပ်ပေးကာ တန်ဖိုးကြီးမွေးနေ့လက်ဆောင်လေးတွေလည်းပေးကြပါတယ်။မနက်မှာဆိုရင်တော့ မိသားစုတွေအတူတူ ရွှေတိဂုံဘုရားသွားဖူးကြပြီး စိတ်အေးချမ်းစွာကုသိုလ်ယူခဲ့ကြပါတယ်။ဒီနေ့လေးမှာဆိုရင်တော့ ထိပ်ထိပ်လေးက သူငယ်ချင်းတွေနဲ့အတူ မွေးနေ့ပွဲလေးကိုပေါ့ပေါ့ပါးပါးကျင်းပခဲ့ပါတယ်နော်။
Photo Credit:San Hate Htar Oo's Facebook
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။