နန်းမြတ်လို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင်မင်းသမီးချောလေး နန်းမြတ်ဖြိုးသင်းကတော့ အနုပညာလောကမှာ ပရိသတ်တွေအခိုင်အမာနဲ့ အောင်မြင်မှုတွေ အပြည့်အဝရရှိထားသူလေးပဲ ဖြစ်ပါတယ်နော်..။
အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦးအဖြစ် ရပ်တည်နေသလို ချစ်စရာကောင်းလွန်းတဲ့ သားသားလေးတစ်ယောက်နဲ့အတူ ကြည်နူးအားကျစရာ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူလေးဆိုလည်း မမှားပါဘူး..။


ပရိသတ်တွေရဲ့အချစ်တော်လေး နန်းမြတ်ဖြိုးသင်းကတော့ သားသားလေး မွေးဖွားပြီးနောက်ပိုင်း မိသားစုကို အချိန်ပေးဖြစ်နေပြီး အနုပညာအလုပ်တွေ နည်းပါးနေပေမယ့် သားလေးကြီးလာပြီး နည်းနည်း လက်လွှတ်လို့ရရင်တော့ အနုပညာအလုပ်တွေကို ပြန်လည်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်နော်..။
နန်းမြတ်လေးကတော့ မိခင်တစ်ယောက်အနေနဲ့ သားလေးကို သူမရဲ့ ဘဝကြီးတစ်ခုလုံး ပေးထားတဲ့အတွက် အကောင်းဆုံးတွေပေးချင်သလို နောင်တမရချင်ဘူးလို့ ပြောပြလာပါတယ်နော်..။


သားလေးအရွယ်မရောက်သေးလို့ မဆုံးဖြတ်နိုင်တဲ့အချိန်အထိတော့ ပံ့ပိုးပေးမယ် လမ်းကြောင်းပေးမယ် မိခင်တစ်ယောက်အနေနဲ့ အကောင်းဆုံးပေးဆပ်ချင်တယ်ဆိုပြီးတော့ ပြောပြထားတာပဲ ဖြစ်ပါတယ်..။
ဒီကနေ့လေးမှာတော့ ချစ်ရတဲ့ နန်းမြတ်လေးရဲ့ အသည်းကျော် ပရိသတ်တွေအတွက် သားလေးနဲ့ ပတ်သဝက်ပြီး ပြောပြထားတဲ့ သူမရဲ့ အင်တာဗျူးဗီဒီယိုဖိုင်လေးကိုလည်း မျှဝေပေးလိုက်ပါတယ်နော်..။


Photo Credit - Nann Myat Phyo Thinn’s Facebook ၊ Alinn Yaung Photography
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။