အာဘွိုင်းနဲ့မြတ်ရတနာကျော်တို့ ဇနီးမောင်နှံနှစ်ယောက်ဟာဆိုရင် အနုပညာအလုပ်တွေကိုမလုပ်ကိုင်တော့ပေမယ့် ပရိသတ်တွေချစ်ခင်အားပေးရတဲ့မိသားစုလေးပဲဖြစ်ပါတယ်။အာဘွိုင်းတို့ဇနီးမောင်နှံက our travel diaries ဆိုတဲ့ Page လေးကိုထောင်ပြီး ခရီးသွားခဲ့တဲ့ အကြောင်းအရာလေးတွေကို ပြန်လည်မျှဝေတာဖြစ်လို့ ပရိသတ်တွေကလည်း တစ်ခဲနက်အားပေးဝန်းရံကြပါတယ်နော်။

Source:Myat Yadanar Kyaw's Facebook/Photo Credit:YEMINLAY
Source:Myat Yadanar Kyaw's Facebook/Photo Credit:YEMINLAY
Photo Credit:Myat Yadanar Kyaw's Facebook

အာဘွိုင်းနဲ့မြတ်ရတနာကျော်တို့က ချစ်စရာကောင်းတဲ့သမီးလေးတစ်ယောက်ကိုမွေးဖွားထားပြီး Scarlett လေးကလည်း ဖေဖေ၊မေမေရဲ့ အချောအလှတွေအကုန်စုပြုံပြီးရရှိထားတာဖြစ်လို့ ကြီးလာရင်အရမ်းချောမယ့်ကလေးလေးပါနော်။အခုဆိုရင် Scarlettလေးက ၁နှစ်နဲ့၁လအရွယ်ကို ရောက်ရှိနေပြီဖြစ်ပြီး တစ်နေ့တစ်ခြားပိုပိုချစ်စရာကောင်းလာတာကို တွေ့ရပါတယ်။

Photo Credit:Myat Yadanar Kyaw's Facebook
Photo Credit:Myat Yadanar Kyaw's Facebook

Scarlett လေးကလည်း တီတီတာတာလေးတွေပြောဆိုတတ်ပြီး ချစ်စရာအမူအရာလေးတွေလုပ်ပြတတ်လို့ ဖေဖေအာဘွိုင်းနဲ့ မေမေမြတ်ရတနာကျော်တို့က ချစ်မဝတွေဖြစ်နေရတာဖြစ်ပါတယ်။အခုဆိုရင်လည်း မျက်လုံးဝိုင်းဝိုင်း၊ပါးဖောင်းဖောင်းလေးတွေနဲ့ အရမ်းချစ်ဖို့ကောင်းနေတဲ့ Scarlett လေးရဲ့ချစ်စရာပုံရိပ်လေးတွေကို မြတ်ရတနာကျော်က သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာ မျှဝေလာခဲ့ပါတယ်နော်။

Photo Credit:Myat Yadanar Kyaw's Facebook
Photo Credit:Myat Yadanar Kyaw's Facebook
Photo Credit:Myat Yadanar Kyaw's Facebook

Photo Credit:Myat Yadanar Kyaw's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။