ပြည်သူချစ်အနုပညာရှင်တွေဖြစ်ကြတဲ့ ဝါဆိုမိုးဦးနဲ့ဖြိုးလေးတို့စုံတွဲလေးကတော့ ချစ်သူသက်တမ်း၃နှစ်ကျော်တဲ့အထိ ခိုင်ခိုင်မြဲပြီး နားလည်မှုအပြည့်နဲ့ ရှေ့ဆက်နေကြတဲ့ စုံတွဲလေးပဲဖြစ်ပါတယ်။ဝါဆိုမိုးဦးတို့စုံတွဲက တစ်ယောက်ကိုတစ်ယောက် နားလည်မှုအပြည့်ပေးပြီး အနုပညာအလုပ်တွေကို တူတူတွဲပြီး လုပ်ကိုင်နေကြတာဖြစ်ပါတယ်။

Photo Credit:Warso Moe Po's Facebook
Photo Credit:Warso Moe Po's Facebook
Photo Credit:Warso Moe Po's Facebook

ဖြိုးလေးကလည်း လူငယ်တွေကြိုက်နှစ်သက်ရတဲ့ အဆိုတော်တစ်ယောက်ဖြစ်ပြီး ဝါဆိုကတော့ ရုပ်ရှင်သရုပ်ဆောင်လည်းဖြစ်တဲ့အပြင် တေးသီချင်းတွေကိုလည်း သူမရဲ့အသံချိုချိုလေးနဲ့ သီဆိုပါတယ်နော်။ပရိသတ်တွေကတော့ ချစ်သူနှစ်ယောက်လုံးကို အားပေးချစ်ခင်ကြပြီး ဝန်းရံနေကြတာပဲဖြစ်ပါတယ်။

Photo Credit:Warso Moe Po's Facebook
Photo Credit:Warso Moe Po's Facebook
Photo Credit:Warso Moe Po's Facebook

ဝါဆိုတို့ချစ်သူနှစ်ယောက်ကတော့ တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြပြီး ကြင်နာယုယမှုတွေနဲ့ အေးအတူပူအမျှဖြတ်သန်းနေကြတာဖြစ်ပါတယ်။အခုဆိုရင်တော့ သီတင်းကျွတ်လပြည့်နေ့လေးမှာ ဝါဆိုမိုးဦးက ဖြိုးလေးကြိုက်တတ်တာလေးတွေနဲ့ ကန့်တော့ပြီး"ကို့ အပေါ် ကာယကံ ဝစီကံ မနောကံ နဲ့ ပစ်မှားမိခဲ့ရင် ကန်တော့တောင်းပန်ပါတယ်"ဆိုကာ ချစ်သူနှစ်ယောက်ပုံရိပ်လေးကိုမျှဝေလာပါတယ်နော်။

Photo Credit:Warso Moe Po's Facebook
Photo Credit:Warso Moe Po's Facebook
Photo Credit:Warso Moe Po's Facebook

Photo Credit:Warso Moe Po's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။