လွန်ခဲ့တဲ့ရက်ပိုင်းက ရန်ကုန်ကိုလာရောက်ဖျော်ဖြေသွားတဲ့ EXO အဖွဲ့ကို လေဆိပ်သွားရောက်စောင့်ကြိုနေခဲ့သော်လည်း
မမြင်လိုက်ရတဲ့အတွက် ငိုပွဲဆင်ခဲ့ကြတဲ့ ဆယ်ကျော်သက်ပရိတ်သတ်တွေရဲ့ ပုံရိပ်များဟာ မီဒီယာတွေမှတစ်ဆင့် အွန်လိုင်း မှာ
ပျံနှံခဲ့ပြီး ပုတ်ခတ်ဝေဖန်ခံရမှုများရှိနေခဲ့ပါတယ် ။ ထိုအကြောင်းအရာနဲ့ ပါတ်သတ်ပြီး အကယ်ဒမီဖွေးဖွေးက EXO Fan တွေဘက်ကနေ
ရပ်တည်တဲ့ သူမရဲ့ သဘောထားကိုပြောပြခဲ့ပါတယ် ။

သူ့ တို့ ဟာ သူတို့ အားပေးချင်တဲ့ အနုပညာရှင်ကို အားပေးချင်သလိုအားပေးမှာပေါ့ ။ ငယ်ငယ်တုန်း က Back street boys တို့ Linkin Park တို့ yangon လာကြည့်ပါလား ။ ဖြူစင်တဲ့ အချစ်တွေ နဲ့ ဓာတ်ပုံလေးတွဲရိုက်ဖို့ ဖျာပါခင်း အိပ်စောင့်မှာ။ လူုတယောက်မှာ ကိုယ့် ကိုယ်ပိုင် အသည်းနှလုံး တစ်ခုစီအပိုင်ပါတာပဲလေ" လို့ဆိုတဲ့ ဖွေးဖွေးဟာ သူမရဲ့ ခံစားချက်ကိုပြောပြထားခြင်းသာဖြစ်ပြီး မည်သူ့ကိုမှ တိုက်ခိုက်တာမဟုတ်ပါဘူးလို့လဲဆိုပါသေးတယ် ။
EXO အဖွဲ့ဟာ ဆယ်ကျော်သက်တော်တော်များများရဲ့ အားပေးခြင်းကိုခံရတဲ့တောင်ကိုရီးယားအဆိုတော်အဖွဲ့ဖြစ်ပြီး သူတို့နဲ့ ပါတ်သတ်တဲ့ သတင်းတွေဟာ
ခုရက်ပိုင်းမှာ အင်တာနက်ပေါ်ရေပန်းစားနေခဲ့တာဖြစ်ပါတယ် ။
Source : Phway Phway

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။