အနုပညာလောကမှာ အမြဲတမ်းလိုလို တွဲသွားတွဲလာ ပေါင်းကြတဲ့ အနုပညာမောင်နှမတွေအနက် ပရိသတ် အချစ်တော် ဟာသသရုပ်ဆောင် ခင်လှိုင် နဲ့ ဒိန်းဒေါင် တို့ ကတော့ အတွဲညီဆုံးအနုပညာညီနောင်တွေပါပဲ။
လက်တလောမှာ ဒိန်းဒေါင်ဟာ ကျန်းမာရေးမကောင်းလို့ ရုတ်တရက်ဆေးရုံတက်နေရပြီး သူ့ကိုအားလုံးကလည်းစိတ်ပူနေရပါတယ်။
ညီအစ်ကိုလိုခင်ကြတဲ့ ခင်လှိုင်ကတော့ ဒိန်းဒေါင ်အခုလို ဆေးရုံတက်နေရတဲ့သတင်းကြားပြီး စိတ်ပူလို့ ညဘက်တွေ ကောင်းကောင်းအိပ်မပျော်ရှာဘူးလို့ ပြောပါတယ်။
သူငယ်ချင်းဖြစ်သူအတွက် စိုးရိမ်ပြီး အိပ်မရတဲ့ခင်လှိုင်တစ်ယောက် ပြင်ဦးလွင်မှာ ဇာတ်ကားရိုက်ကူးနေတာဖြစ်တဲ့အတွက် မနက်စောစောဘုရားမှာ ဆုတောင်းမေတ္တာပို့သပေးခဲ့တယ်လို့သိရပါတယ်။
“ညီအစ်ကိုတမျှချစ်ရတဲ့ သူငယ်ချင်းက မနေ့ညက ဆေးရုံတင်ရတယ် ကျွန်တော်ပြင်ဦးလွင်မှာ ရောက်နေတယ် ။စိတ်တွေပူလို့ ညက ကောင်းကောင်းအိပ်လို့မရဘူး။ ချစ်သူငယ်ချင်းမြန်မြန်နေကောင်းစေဖို့အတွက် မနက်အစောကြီးဘုရားမှာ ဆုတောင်းမေတ္တာပို့သပေးခဲ့တယ် မြန်မြန်နေကောင်းပါစေသူငယ်ချင်းရေ”
ဒိန်းဒေါင်ဟာ လက်ရှိမှာ မြောက်ဥက္ကလာပက OSC ဆေးရုံမှာ ဆေးကုသမှုခံယူနေဆဲပါ။
ပရိသတ်ကြီးလည်း အမြန်နေကောင်းဖို့ ဦးခင်လှိုင်လို ဆုတောင်းပေးလိုက်ပါဦးနော်။


သတင်းအရင်းမြစ် Khin Hlaing fb
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။