သရုပ်ဆောင်ဘက်တွင် အချိန်တိုအတွင်း ပရိသတ်တွေရဲ့လက်ခံအားပေးမှုတွေကို တစ်ခဲနက်ရရှိထားသူကတော့ Beauty Blogger မလေး နေခြည်ဦးပါ။ သူမရဲ့ ရိုးသားပွင့်လင်းတဲ့ စိတ်ထားလေးကြောင့်လည်း ပရိသတ်တွေက ချစ်မဝဖြစ်နေကြတာပါ။ လတ်တလောမှာလည်း ပြင်သစ်နိုင်ငံ ပါရီမြို့က ဖက်ရှင်ပွဲတစ်ခုကို တက်ရောက်ခဲ့တာပါ။

photo credit -Beautybynaychi's Instagram
photo credit -Beautybynaychi's Instagram
photo credit -Beautybynaychi's Instagram

ခရီးသွားပုံရိပ်လေးတွေကိုလည်း လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် တင်လေ့ရှိပြီး ပရိသတ်တွေကလည်း သူမရဲ့ဖက်ရှင်များကို အားကျနေကြတာပါ။ သူမရဲ့ ပွဲတက်ဖက်ရှင်တိုင်းဟာလည်း ကြည့်ရှုသူတိုင်းကို သမင်လည်ပြန်ငေးမောရလောက်အောင် ဆွဲဆောင်နိုင်လွန်းတာပါ။ ချီချီဟာ ပဲရစ်မှာရှိတဲ့ ကမ္ဘာကျော် Brand များကိုလည်း သွားရောက်လေ့လာခွင့် ရခဲ့တာပါ။ 

photo credit -Beautybynaychi's Instagram
photo credit -Beautybynaychi's Instagram
photo credit -Beautybynaychi's Instagram

အခုမှာလည်း ကမ္ဘာကျော် Brand တစ်ခုဖြစ်တဲ့ LV brand ကိုတစ်ကိုယ်လုံးမှာ ဆင်မြန်းဝတ်ဆင်ထားတဲ့ပွဲတက်ဖက်ရှင်ဗီဒီယိုလေးကို သူမရဲ့ instagram myday လေးမှာ တင်ထားတာပါ။ ပရိသတ်တွေအတွက် ဒီဗီဒီယိုလေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Source - Beautybynaychi's Instagram story

photo credit -Beautybynaychi's Instagram 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။