ပြည်သူချစ်မင်းသမီးလေး နန္ဒာလှိုင်ကတော့ ချစ်စရာကောင်းတဲ့ မိသားစုနဲ့အတူ ကြည်နူးစရာကောင်းတဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောင်ထားတာပါ။ ဒါ့အပြင် ခင်ပွန်းဖြစ်သူရဲ့ လိုလေသေးမရှိအောင် အလိုလိုက်ဂရုစိုက်မှုတွေကြောင့်လည်း ပျော်ရွှင်နေရတာပါ။ သူမဟာ အနုပညာလောကမှအနားယူလိုက်သော်လည်း ပရိသတ်တွေကတော့ ယနေ့ထိတိုင်ချစ်ခင်အားပေးနေကြဆဲပါ။ 

Photo Credit - Nandar Hlaing's Facebook
Photo Credit - Nandar Hlaing's Facebook
Photo Credit - Nandar Hlaing's Facebook

နန္ဒာလှိုင်ဟာ အိမ်ထောင်ရှင်မကောင်းတစ်ယောက်ပီသရုံသာမကပဲ စီးပွားရေးဘက်တွင်လည်းထူးချွန်လွန်းတဲ့ အမျိုးသမီးတစ်ယောက်ပါ။ သူမရဲ့သမီးလေးတွေဟာလည်း ချစ်စရာကောင်းလွန်းသူတွေပဲဖြစ်ပြီး သူတို့ရဲ့လှုပ်ရှားမှုဗီဒီယိုလေးတွေကိုလည်း နန္ဒာရဲ့လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့်ဝေမျှလေ့ရှိတာပါ။ 

Photo Credit - Nandar Hlaing's Facebook
Photo Credit - Nandar Hlaing's Facebook
Photo Credit - Nandar Hlaing's Facebook

အခုမှာလည်း သမီးငယ်လေးရဲ့ ချစ်စရာကောင်းတဲ့ အပြုအမူလေးတွေကို သူမရဲ့လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြထားတာပါ။ ဒါကတော့ " အောင်မြတ်လေး ကုန်ပါပြီတော်

ဒါဘာလုပ်နေတာလဲဆိုတော့ လက်ဆေးနေတာလေ တဲ့

အဲဒါမေမေ့မျက်နှာသစ်တဲ့ဆပ်ပြာလေ ဆိုတော့ မဒီကြိုက်လို့လေ တဲ့ " ဆိုပြီး ရေးသားထားတာပါ။ ပရိသတ်တွေအတွက် ဒီသတင်းလေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Photo Credit - Nandar Hlaing's Facebook  

Photo Credit - Nandar Hlaing's Facebook
Photo Credit - Nandar Hlaing's Facebook
Photo Credit - Nandar Hlaing's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။