ချစ်ပရိတ်သတ်တို့ရေ... မိုးတွင်းရောက်လာပြီဆိုတာနဲ့ အင်္ကျီအဝတ်အစားတွေ ဖားဥစွဲတဲ့ ဒုက္ခကို လူတိုင်း ခံစားကြရပါတယ်နော်။ ဝယ်ထားတာမှမကြာသေးဘူး နဲနဲလေးဝတ်ပြီး မိုးထိတာနဲ့ ဖားဥတန်းစွဲသွားတဲ့ အင်္ကျီလေးတွေဆိုတာ လူတိုင်းမှာရှိပါတယ်နော်။ တစ်ခါတစ်လေဆိုရင် ဒီဖားဥတွေဟာ ချွတ်ဆေးသုံးတာတောင် မကျွတ်တာတွေကြုံဖူးကြမှာပါ။ ဒါကလည်း ချွတ်ဆေးသုံးတဲ့ နည်းလမ်းနဲနဲမှားနေတာလည်းပါပါတယ်။ သုံးနည်းအမှန်ကိုလည်း အောက်မှာဖော်ပြပေးအုန်းမှာမို့ အိမ်တွင်းနည်းလမ်းလေးတွေနဲ့ ဘယ်လိုအမြန်ဆုံးဖားဥချွတ်ကြမလဲ ကြည့်လိုက်ရအောင်နော်။
- သံပရာရည်နဲ့ဆားကိုသုံးပါ။ ဘယ်လောက်သုံးရမယ်ဆိုတာကတော့ စွဲနေတဲ့ဖားဥနဲ့ အဝတ်အနည်းအများပေါ်မူတည်တာမို့ အတိအကျတော့မပြောတော့ပါဘူးနော်။ သံပုရာသီးကညှစ်ထားတဲ့ အရည်နဲ့ ဆားအနည်းငယ်ကိုရောပြီးတော့ ဖားဥစွဲတဲ့နေရာကို ထူထူလေးအုံပေးထားပါ။ အဲ့ဒီအရည် ခြောက်သွားတာနဲ့ လျှော်ပြီး လှမ်းပါ။ ဖားဥကျွတ်ပါတယ်နော်။

-ရှာလကာရည်နဲ့ အဝတ်လျှော်လို့ရပါတယ်။ အဝတ်လျှော်တဲ့ထဲကို ရှာလကာရည်အနည်းငယ်ထည့်ပြီး စိမ်လျှော်ပါ။ ဖားဥတင်ကျွတ်တာမဟုတ်ဘဲ အင်္ကျီမှာနံတဲ့အနံ့တွေလည်း ပျောက်ပါတယ်နော်။
- ရေနွေးနဲ့လျော်ပါ။ ဒါကတော့ ဖားဥတွေ အရမ်းမကျွတ်ပေမယ့် ပါးတာလေးတွေဆို ကျွတ်လွယ်ပါတယ်။ ရေနွေးနဲ့လျော်ပြီးတော့မှ ချွတ်ဆေးနဲ့စိမ်လျှော်ရင်လည်း ဖားဥအပြင် အခြားအစွန်းတွေကော အင်္ကျီမှာ ဖြစ်တတ်တဲ့ မှည့်တွေကော အကုန်ကျွတ်ပါတယ်နော်။

- ဒီတစ်ခုကတော့ ချွတ်ဆေးဘယ်လို သုံးရမလဲဆိုတာပဲ။ အင်္ကျီချွတ်ဆေးတော်တော်များများက လူတွေပြောသလို နာရီဝက်တစ်နာရီနဲ့ ဖားဥမကျွတ်ပါဘူးနော်။ ဒီတော့ ညအိပ်ခါနီးပြီးဆိုတာနဲ့ ကျွတ်ချင်တဲ့အဝတ်အစားတွေကို ဇလုံထဲထည့်ပြီး ရေမြုပ်အောင် စိမ်ထားပါ။ မနက်ဆိုလျှော်လိုက်တာနဲ့ ဘာဖားဥမှရှိတော့မှာမဟုတ်ပါဘူးနော်။
ကဲ... ဒီတော့ လွယ်လည်းလွယ် ဖားဥလည်းအကျွတ်မြန်တာကြောင့် ၂ခါ ၃ခါ င်္ကျီအဆွေးခံပြီး လျှော်စရာမလိုတဲ့ အိမ်တွင်းနည်းလမ်းကောင်းလေးအချို့ကိုမျှဝေလိုက်ပါတယ်နော်။ တကယ်သေချာသာ လုပ်ကြည့်မယ်ဆိုရင် ဖားဥကင်းစင်တဲ့အဝတ်အစားသန့်သန့်လေးတွေကို နေ့တိုင်းဝတ်နိုင်ပြီး ဘယ်အဝတ်မှ အလကားဖြစ်မှာမဟုတ်တော့ပါဘူး ချစ်ပရိတ်သတ်တို့ရေ...

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။