မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးချောလေးတွေထဲမှာ တစ်ယောက်အပါဝင်ဖြစ်တဲ့ မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ကတော့ ထပ်ဆင့်အကယ်ဒမီဆုရှင်လေးတစ်ဦး ဖြစ်ပါတယ်။ အနုပညာလောကမှာ ထွန်းလင်းတောက်ပနေတဲ့ ငွေကြယ်ပွင်လေးတစ်ပွင့်ဖြစ်တဲ့ ရွှေကစ်လေးက နိုင်ငံတကာနဲ့လက်တွဲပြီး အနုပညာအလုပ်တွေကို လုပ်ကိုင်နေတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ရွှေကစ်လေးက နတ်သမီးလေးတစ်ပါးလို အလှတရားတွေကိုလည်း ပိုင်ဆိုင်ထားပါတယ်။
ဖြူဖွေးဝင်းမွတ်တဲ့အသားအရေနဲ့ နိုင်ငံခြားမင်းသမီးလေးတစ်ယောက်လို လှပလွန်းတဲ့ ရွှေကစ်လေးက အသက် (၃၁)နှစ်အရွယ်လို့မထင်မှတ်ရအောင်ကို ငယ်ရွယ်နုပျိုနေတာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ရွှေကစ်လေးက ပရိသတ်တွေ အသည်းတဖြုတ်ဖြုတ်ကြွေနေရမယ့် ပုံအသစ်လေးတွေကို မျှဝေပေးထားပါတယ်။ ကစ်လေးက "The truth is always in the eyes ."ဆိုပြီး စူးရှတဲ့အကြည့်တွေနဲ့ ဖမ်းစားထားတဲ့ပုံရိပ်တွေကို တင်ထားတာပဲ ဖြစ်ပါတယ်။
တည်ငြိမ်ရင့်ကျက်တဲ့ အမျိုးသမီးငယ်လေးတစ်ဦးအဖြစ် မြင်တွေ့ရတဲ့ကစ်လေးကတော့ ချောမောဖြူဝင်းတဲ့ မျက်နှာလေးနဲ့ ကြွေရုပ်လေးပမာ လှနေပြန်ပါတယ်။ ရွှေကစ်လေးရဲ့ပုံလေးတွေက ပရိသတ်တွေကို ရင်ခုန်သံတွေအဆမတန်မြန်စေလောက်အောင် အကြည့်တစ်ချက်နဲ့ ညို့ယူထားနိုင်တာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ရဲ့စွဲမက်ဖွယ်ကောင်းတဲ့ အလှပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။
Source:wutthmoneshweyi;
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။