သံသာမိုးသိမ့်ကတော့ "ကျမက မဟေသီ" ဇာတ်လမ်းတွဲထဲမှာ မိန်းမချောအဖြစ် ဗီလင်ဇာတ်ရုပ်ကိုပိုင်နိုင်စွာ သရုပ်ဆောင်ထားမှုကြောင့် နာမည်ကြီး ဝါရင့်သရုပ်ဆောင်များကပင် ချီးကျူးအာပေးခဲ့တာဖြစ်ပါတယ်...။ သူမကတော့ ချစ်ဖို့ ကောင်းတာဖြစ်ပြီး ကျရာဇာတ်ရုပ်ကိုပီပြင်စွာ သရုပ်ဆောင်မှုကြောင့် အချိန်တိုအတွင်းမှာပဲ အောင်မြင်မှုတွေများစွာရရှိလာတာဖြစ်ပါတယ်..။ ထိုဇာတ်ကားထဲက မင်းသမီးဖြစ်တဲ့ "စံမြန်း" ဝင့်ယမုံနိုင်နဲ့ဟာဆိုရင်လည်း အပြင်မှာအရမ်းကိုချစ်ကြတဲ့ သူငယ်ချင်းအရင်းတွေဖြစ်ကြပါတယ်..။

သံသာမိုးသိမ့်ရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုတွေဟာဆိုရင်တော့ Photo shooting တွေရိုက်ကူးလေ့ရှိပြီး၊ ကြော်ငြာမဂ္ဂဇင်းတွေမှာလည်း သူမရဲ့ အလှပုံရိပ်တွေကိုအမြဲလိုလိုတွေ့မြင်ကြရမှာပါ..။ ပရိသတ်တွေ မုန်းချင်စရာ ဇာတ်ရုပ်ဖြစ်တာမလို့ အပြင်မှာ တစ်ကယ်မမုန်းဖို့ကိုလည်း မေတ္တာရပ်ခံထားပါသေးတယ်..။ ပရိသတ်တွေကလည်း သူမရဲ့ သရုပ်ဆောင်ပိုင်နိုင်ပီပြင်မှုကြောင့် မမုန်းတဲ့အပြင် ချစ်ခင်အားပေးဝန်းရံလျက်ရှိတာဖြစ်ပါတယ်....။

သံသာမိုးသိမ့်က ပရိသတ်ကြီးနဲ့ အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာတွေဖြစ်ကြတဲ့ facebook၊ Instagram တို့တွင်သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှုအမျိုးမျိုးကိုအစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်...။ အခုတစ်ခါမှာဆိုရင်လည်း "(၅၅)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ဂုဏ်ပြုဇာတ်လမ်းလေး "နှလုံးသားတို့ရဲ့လုံခြုံရာ" ဇာတ်လမ်းလေးရိုက်ဖို့အတွက် ပြင်ဆင်နေပါပြီနော်..စောင့်မျှော်ကြည့်ရှုအားပေးပါအုံးလို့..." ဆိုတဲ့ stauts လေးနဲ့အတူ အလှပုံရိပ်တွေကို ထုတ်ဖော်ပြသထားပြီး Myanmarload ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်...။

Source Than Thar Moe Theint

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။