"Miss Myanmar 2012" ဆုရှင်တစ်ဦးဖြစ်တဲ့ အလှမယ်ဟောင်းနန်းခင်ဇေယျာဟာဆိုရင် မော်ဒယ်လ်၊ သရုပ်ဆောင်တစ်ယောက်အနေနဲ့ အနုပညာလောကထဲသို့ ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်...။ သူမဟာဆိုရင် တိုင်းရင်းသူဖြစ်ပြီး ခန္ဓာကိုယ်အချိုးအစားဟာဆိုရင်လည်း အပြစ်ပြောစရာမရှိအောင် နုပျိုသွယ်လျနေတာဖြစ်ပါတယ်...။ အင်္ဂလိပ်၊ ဂျာမန် နှစ်ဘာသာဖြင့် ဧည့်လမ်းညွှန်လုပ်ခဲ့ပြီး ဘာသာစကားကျွမ်းကျင်သူဖြစ်ကြောင်းကိုလည်း သိရှိခဲ့ရပါတယ်...။ နန်းခင်ဇေယျာရဲ့ စကားပြောပွင့်လင်းမှုကို အင်တာဗျူးဗီဒီယိုဖိုင်များတွင်ကြည့်ရင်သိနိုင်ပါတယ်...။


နန်းခင်ဇေယျာက ခရီးသွားဝါသနာပါသူဖြစ်ပြီး စွန့်စားခရီးတွေကိုနှစ်သက်ကြောင်းလည်းသိရှိရပါတယ်...။ ခရီးတွေထွက်လေ့ရှိသလို ကျန်းမာရေးလိုက်စားတဲ့သူမဟာ gym၊ yoga အစရှိတဲ့ ခန္ဓာကိုယ်ကျန်းမာ ကြံ့ခိုင်မှုနဲ့ သွယ်လျဖို့အတွက်လည်း ဆော့ကစားလေ့ရှိတာဖြစ်ပါတယ်...။ ရေကူးကန်ထက်က အမိုက်စားပုံရိပ်တွေဟာဆိုရင်လည်း မြင်သူတကာကို မင်သက်စေတာအမှန်ပင်ဖြစ်ပါတယ်...။ လက်ရှိမှာတော့ single ဘဝနဲ့ ဘဝကြီးကို အေးချမ်းသာယာစွာ ဖြတ်သန်းနေတာပါ..။


နန်းခင်ဇေယျာက ပရိသတ်ကြီးနဲ့ အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာဖြစ်ကြတဲ့ facebook၊ Instagram တို့တွင်သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှုအမျိုးမျုးိကိုအစဉ်အမြဲဖော်ပြပေေးလ့ရှိတာဖြစ်ပါတယ်..။ အခုတစ်ခါမှာဆိုရင်လည်း သူငယ်ချင်းတွေနဲ့အတူ "Ride Behind Kalaw မှာ ဆိုင်ကယ်စီးကြမယ်" ဆိုတဲ့ status လေးနဲ့အတူ ဆိုင်ကယ်စီးနေတဲ့ အမိုက်စားပုံရိပ်တွေကို ထုတ်ဖော်ပြသာထားပြီး Myanmarload ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်..။
Source Nang Khin Zay Yar - နန်းခင်ဇေယျာ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။