အကယ်ဒမီများရှင်လို့ ဆိုရမယ့် မြန်မာပြည်ရဲ့ ဒိတ်ဒိတ်ကြဲမင်းသမီးတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်တဲ့ အိန္ဒြာကျော်ဇင်ကို အားလုံးပဲသိကြမှာပါ...။ သူမဟာဆိုရင် နိုင်ငံကျော်မင်းသားပြေတီဦးနဲ့အတူ သာယာအေးချမ်းတဲ့မိသားစုဘဝလေးကို တည်ဆောက်နေပြီး ချစ်စရာကောင်းတဲ့ သားနဲ့သမီးနှစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားတာဖြစ်ပါတယ်....။

အိန္ဒြာကျော်ဇင်ဟာဆိုရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုတွေကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို ဆက်လက်ရိုက်ကူးနေပြီး ကြော်ငြာမဂ္ဂဇင်းတွေ၊ photo shooting တွေကိုလည်းလက်ခံရိုက်ကူးထာတာဖြစ်ပါတယ်...။ ပွဲလမ်းသဘင်တွေ၊ အခမ်းအနားဖွင့်ပွဲတွေသို့လည်း တက်ရောက်ခဲ့ပြီး show ပွဲတွေလည်း လျှောက်ခဲ့တာပါ...။ အိန္ဒြာကျော်ဇင်နဲ့ ပြေတီဦးတို့မိသားစုလေးဟာ အပန်းဖြေခရီးတွေကို ပျော်ရွှင်စွာ သွားရောက်တာပဲဖြစ်ပါတယ်...။

အိန္ဒြာကျော်ဇင်က ပရိသတ်ကြီးနဲ့ အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာတွေဖြစ်ကြတဲ့ facebook၊ Instagram တို့တွင် သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကိုအစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်...။ အခုတစ်ခါမှာဆိုရင်လည်း "bella" ပွဲသို့ ထက်ထက်မိုးဦး၊ စိုးမြတ်သူဇာ၊ မိုးဟေကို၊ ဖွေးဖွေးစတဲ့ ပြည်သူချစ်အနုပညာရှင်များနဲ့အတူတက်ရောက်ခဲ့ပြီး အမှတ်တရ အလှပုံရိပ်တွေကို တင်ဆက်ထားတာဖြစ်ပြီး Myanmarload ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်....။

Source Bella

Photo Credit AlinnYaung  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။