ပရိသတ်ကြီးရေ.. အနုပညာလောကမှာ အောင်မြင်မှုတွေ အခိုင်အမာနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားတဲ့ သရုပ်ဆောင်မင်းသားချောနေမင်းကတော့ ပီပြင်တဲ့ သရုပ်ဆောင် ပိုင်နိုင်မှုတွေကြောင့် ထိပ်တန်းမင်းသားအဖြစ် ရပ်တည်နေသူပဲ ဖြစ်ပါတယ်နော်..။

အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်အဖြစ် ရပ်တည်နေသလို အနေအေးပြီး စေတနာသဒ္ဓါတရားထက်သန်မှုတွေနဲ့ လှူဒါန်းမှုတွေကိုလည်း မကြာခဏပြုလုပ်လေ့ရှိတာ တွေ့ရပါတယ်နော်..။


ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားတဲ့ နေမင်းကတော့ သြဂုတ်လ(၆)ရက်နေ့က ကျရောက်ခဲ့တဲ့ သူ့ရဲ့ မွေးနေ့လေးမှာ ချီးကျူးသာဓုခေါ်စရာကောင်းလွန်းပြီး ကြည်နူးစရာကောင်းလွန်းတဲ့ မွေးနေ့အလှူလေးကို ကျင်းပပြုလုပ်ခဲ့ပါတယ်..။

ကရင်ပြည်နယ် မြိုင်ကြီးငူစစ်ဘေးရှောင်စခန်းမှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ဆန်၊ ဆီ၊ ဆားနဲ့ အခြားစားနပ်ရိက္ခာတွေကို သွားရောက်လှူဒါန်းခဲ့ပြီး စစ်ဘေးရှောင်ပြည်သူတွေနဲ့အတူ မွေးနေ့ ကိတ်ခွဲကာ မွေးနေ့ပွဲလေးကို ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်နော်..။


အခုလို တကယ်ကို အမှန်တကယ်လိုအပ်နေတဲ့ နေရာမှာ သွားရောက်လှူဒါန်းခဲ့တဲ့ ကြည်နူးမှုပီတိလေးတွေနဲ့ အမှတ်တရပုံရိပ်လေးတွေကိုလည်း နေမင်းက ချစ်ပရိသတ်တွေ ဝမ်းသာအားရ သာဓုခေါ်ကုသိုလ်ယူနိုင်ဖို့အတွက်လည်း ပြန်လည်မျှဝေထားပါသေးတယ်နော်..။

“ကျွန်တော့်ဆန္ဒအလှူလေး

ဖြစ်မြောက်ရေးတွင် အဖက်ဖက်မှပါဝင်

ပံ့ပိုးကူညီ အားဖြည့်ပေးခဲ့သူ

ညီအစ်ကိုမောင်နှမ

ဆွေမျိုးမိတ်ဆွေ

အပေါင်းအသင်း

ဝီlove တွေပါမကျန်

အလှုခံပုဂ္ဂိုလ် အဆုံး

စသည်အားလုံးသော

ချစ်ရသူများစွာကို

ကျေးဇူးအထူးတင်မိပါသည်။

ကိုစိုးထိုက်...

ကိုရဲယံ

ကိုနေလင်းအောင် .... ပေးဆပ်သူ ပရဟိတအဖွဲ့များ

အနော်း " မြိုင်ကြီးငူ " နှင့်

ဘားအံတက်နေဝန်း ရုပ်ရှင်ရုံမှ ကိုဗညား

တို့အား အထူးသဖြင့် ကျေးဇူးတင်းနေမိသည်..” ဆိုပြီး ကျေးဇူးတင်စကားလေးနဲ့အတူ အမှတ်တရပုံရိပ်လေေးတွကို ချစ်ပရိသတ်တွေအတါက် ပြန်လည်မျှဝေပေးလိုက်တာပဲ ဖြစ်ပါတယ်နော်..။

Photo - နေမင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။