သင်ဇာဝင့်ကျော်ဆိုတာကတော့ ပရိသတ်ကို အထူးမိတ်ဆက်ပေးစရာ မလိုတဲ့ မင်းသမီးတစ်လက်ပါ။ လှပပြေပြစ်တဲ့ ခန္ဓာကိုယ်အချိုးအစား ညှို့ချက်ပြင်းတဲ့ မျက်ဝန်းတစ်စုံ အများနဲ့မတူ တမူထူးတဲ့ သရုပ်ဆောင်စွမ်းရည်တွေကြောင့် ပရိသတ်တွေ သတိပြုမိလာရာမှ ယခုဆိုရင်တော့ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေနိုင်တဲ့ မင်းသမီးတစ်လက်ဖြစ်လို့လာပါပြီ။

ယခုလတ်တလော လူမှုကွန်ယက်မှာ သူမရဲ့ ပြည်ပခရီးစဉ်သွားခဲ့တုန်းက ဓာတ်ပုံတွေ ရေပန်းစားလို့နေပါတယ်။ သူမဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့သွားရောက်ခဲ့သလို ကမ႓ာ့အလှဆုံး ကမ်းခြေတွေထဲကတစ်ခုဖြစ်တဲ့ Philipiisland သို့ သွားရောက်ခဲ့ပြီး ခရတစ်လျှောက်ရိုက်ခဲ့တဲ အလှဓာတ်ပုံတွေကို သူမရဲ့ Fan Page နဲ့ လူမှုကွန်ယက်ကနေတဆင့် ပရိသတ်တွေဆီ မျှဝေပေးခဲ့ပါသေးတယ်။


အနုပညာလှုပ်ရှားမှုအနေနဲ့ကတော့ ဒါရိုက်တာဝိုင်းရိုက်ကူးတဲ့ "ရွှေကြာ" ဇာတ်ကားမှာ "စံထားညို" ဇာတ်ကောင်နေရာမှ ပါဝင်သရုပ်ဆောင်ထားပြီး ယင်းဇာတ်ကားဟာ မထွက်ခင်ကပင် ပရိသတ်တွေကြား ရေပန်းစားလို့ နေပါတယ် ပရိသတ်ကြီးရေ…………

Source: Thinzar Wint Kyaw
Go Goe
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။