ပရိသတ်ကြီးရေ.. အနုပညာလောကမှာ အောင်မြင်မှုတွေ အခိုင်အမာနဲ့ ထိပ်တန်းကနေ ရပ်တည်နေသလို ကျရာဇာတ်ရုပ်ကာရိုက်တာတွေကိုလည်း အပီပြင်ဆုံးနဲ့ အပိုင်နိုင်ဆုံး သဘာဝကျကျ အပန်းခံမှုတွေကြောင့် ဇာတ်ကားတိုင်းကို အသက်ဝင်လွန်းစေတဲ့ ပရိသတ်တွေရဲ့ အချစ်တော် မင်းသားချောကတော့ နေတိုးပဲ ဖြစ်ပါတယ်နော်..။
ရုပ်ရှင်ဇာတ်ကားတွေတိုင်းမှာ ပီပြင်တဲ့သရုပ်ဆောင်ပိုင်နိုင်မှုတွေနဲ့ ပရိသတ်တွေကို အမြဲအကြိုက်တွေ့စေတဲ့ နေတိုးကတော့ အခုတစ်ခါမှာလည်း မကြာခင်မှာ ရုံတင်ပြသတော့မယ့် “နိုင်ငံကြီးသား” ရုပ်ရှင်ဇာတ်ကားနဲ့လည်း ပရိသတ်တွေကို ဝမ်းသာဂုဏ်ယူစေဦးမှာပါနော်..။




နာမည်ကျော်အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ရိုက်ကူးထားတဲ့ နေတိုးတို့ရဲ့ “နိုင်ငံကြီးသား” ရုပ်ရှင်ဇာတ်ကားကြီးကတော့ စတင်ရုံတင်မပြခင်ကတည်းက ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေနဲ့ စိတ်ဝင်စားမှုတွေကို ရရှိထားတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်နော်..။
လာမယ့် သြဂုတ်လ(၈)ရက်နေ့မှာ မြန်မာတနိုင်ငံလုံး စတင်ရုံတင်ပြသတော့မယ့် “နိုင်ငံကြီးသား” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ရုပ်ရှင်အထူးပြပွဲကိုတော့ သြဂုတ်လ(၅)ရက်နေ့က စည်းကားစွာ ကျင်းပပြုလုပ်ခဲ့ပါတယ်နော်..။




ပရိသတ်တွေရဲ့ အချစ်တော်နေတိုးကတော့ နိုင်ငံကြီးသားပီသဖို့ ကြိုးစားခဲ့တဲ့ ပီတိလေးတွေနဲ့အတူ ပရိသတ်တွေအားပေးမှုလက်ခုပ်သံတွေကို ရင်ထဲအမှာ အမြဲထာဝရအမှတ်ရနေမှာဖြစ်ပြီး ချစ်ရတဲ့ပရိသတ်တွေကိုလည်း နိုင်ငံကြီးသားပီသဖို့ ဆုတောင်းစကားလေး ဆိုထားပြီး အခမ်းအနားပွဲတက် ပုံရိပ်လေးတွေကိုလည်း ပြန်လည်မျှဝေထားပါသေးတယ်နော်..။
“ပရိသတ်များအားလုံးလဲ နိုင်ငံကြီးသားပီသတဲ့ နိုင်ငံကြီးသားများဖြစ်ကြပါစေကြောင်း ဆန္ဒပြုရင်း
အားလုံးကို လေးစားပါတယ် ဒီနေကြားခဲ့ရတဲ့ လက်ခုပ်သံတွေဟာ ကျွန်တော့်ရင်ထဲမှာတော့ ထာဝရတည်မြဲနေမှာပါ...နေတိုး..” ဆိုပြီး နေတိုးက ချစ်ပရိသတ်တွေကို ပြောပြထားပြီး အမှတ်တရပုံရိပ်လေးတွေကို မျှဝေထားတာပါ..။




Photo - နေတိုး
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။