အဆိုတော် အာဘွိုင်းဟာဆိုရင် မော်ဒယ်လ်၊ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ မြတ်ရတနာကျော်နဲ့အတူ သမီးချော Scarlett ကိုပြုစုပျိုးထောင်ပေးနေတာဖြစ်ပါတယ်...။ သူမတို့မိသားစုလေးဟာဆိုရင် မြင်သူတိုင်းအားကျရလောက်အောင် သာယာချမ်းမြေ့ဖွယ်ကောင်းလှပါတယ်...။ အာဘွိုင်းဟာဆိုရင် တစ်ခေတ်တစ်ခါ သီချင်းကောင်းတွေကို ဖန်တီးရေးစပ်ခဲ့ပြီး အခုချိန်မှာဆိုရင်တော့ မိသားစုရေးနဲ့ စီးပွားရေးလုပ်ငန်းတွေကိုဦးဆောင် လုပ်ကိုင်နေတာဖြစ်ပါတယ်...။

အာဘွိုင်းတို့မိသားစုလေးဟာဆိုရင် အနုပညာအလုပ်တွေကို သိပ်မလုပ်ကိုင်ဖြစ်တော့ပေမယ့် "Our Travel Diaries" ဆိုတဲ့ facebook page လေးကို ထောင်ထားပြီး ပရိသတ်တွေရဲ့ တစ်ခဲနက်ဝန်းရံအားပေးမှုကို လက်ခံရရှိထားတာပါနော်...။ အာဘွိုင်းတို့ မိသားစုလေးဟာဆိုရင် အပန်းဖြေခရီးတွေကို သွားလေ့ရှိပြီး ခရီးသွား အမှတ်တရပုံရိပ်လေးတွေကိုလည်း တင်ဆက်ပြသပေးခဲ့တာဖြစ်ပါတယ်....။

အာဘွိုင်းနဲ့ မြတ်ရတနာကျော်တို့နှစ်ယောက်လုံးဟာဆိုရင် သူမတို့မိသားစုပုံရိပ်လေးတွေ၊ Scarlett ရဲ့ပုံရိပ်လေးတွေ၊ တစ်ကိုယ်တော်ပုံရိပ်လေးတွေ၊ အနုပညာလှုပ်ရှားမှု၊ နေ့စဉ်လှုပ်ရှားမှု အမျိုးမျိုးကို ပရိသတ်ကြီးနဲ့ အဆက်အသွယ်မပြတ်ရအောင်၊ ရင်းနှီးမှုရရှိအောင် အစဉ်အမြဲတင်ဆက်ပြသပေးလေ့ရှိတာဖြစ်ပါတယ်...။ အခုတစ်ခါမှာဆိုရင်လည်း "Ibiza, Spain" မှာရိုက်ကူးထားခဲ့တဲ့ စုံတွဲပုံရိပ်လေးကို သူမရဲ့ Instagram acc တွင် တင်ထားပြီး Myanmarload ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်..။

Source myatyadanarkyaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။